တရုတ် ပြည်တွင်းထုတ်လုပ်မှုပမာဏ နှစ်စဉ် ၆ ဒသမ ၉ ရာခိုင်နှုန်း တိုး

တရုတ်နိုင်ငံကြီးရဲ့ ပြည်တွင်းထုတ်လုပ်မှုပမာဏ ဂျီဒီပီဟာ နှစ်စဉ် ၆ ဒသမ ၉ ရာခိုင်နှုန်း တိုးလာနေတယ်လို့ တရုတ်အစိုးရ အမျိုးသားစာရင်းအင်းဗျူရို (အန်ဘီအက်စ်) က အောက်တိုဘာ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြည်တွင်းထုတ်လုပ်မှုပမာဏ ဂျီဒီပီဟာ ၂၀၁၇ ပထမ ၃ လပတ်မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၆ ထရီလီယံနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၅၉ ဒသမ ၃ ထရီလီယံကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဂျီဒီပီ တိုးတက်နှုန်းဟာ အခုနှစ် နှစ်ဝက်ကစလို့ ၆ ဒသမ ၉ ရာခိုင်နှုန်းကနေ တည်တည်ငြိမ်ငြိမ်နဲ့ မှန်မှန်တိုးလာနေတယ်လို့လည်း ဖော်ပြထားပါတယ်။ တိုးတက်မှုဟာ စီးပွားရေးအဆောက်အအုံတွေမှာ အရည်အသွေးရှိရှိ တိုးတက်ခဲ့တာလို့ အန်ဘီအက်စ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up