A d v e r t i s e m e n t With Us

ပြည်ပ​ရောက် မြန်မာ သန်း​ချီ မဲ​ပေး​ခွင့်​မရှိ

ဧပြီလ ၁ ရက်မှာ ကျင်း​ပမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ပြည်ပ​ရောက် မြန်မာနိုင်ငံသား​တွေကို မဲ​ပေး​နိုင်​အောင် အစိုး​ရက မစီစဉ်​ပေး​ဘူး​လို့​ ပြည်ပ​ရောက် မြန်မာပြည်သား​တွေက ​ပြောပါတယ်။ စင်ကာပူ​ရောက် မြန်မာနိုင်ငံသား​တွေဟာ အခုကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ မဲ​ပေး​ဖို မြန်မာသံရုံး​က ဘာမှ မ​ပြောပါဘူး​လို့​ စင်ကာပူ​ရောက် မြန်မာ​တွေက ​ပြောပါတယ်။ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ဆန္ဒခံယူပွဲတုန်း​က မဲ​ပေး​ရ​ပေမယ့်​ ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​ကလည်း​ မဲမ​ပေး​ခဲ့​ရဘူး​လို့​ သူတို့​က ​ပြောပါတယ်။ စင်ကာပူ​ရောက်မြန်မာတဦး​က “ဟိုတ​ခေါက်တုန်း​ကသာ ဆန္ဒခံယူပွဲ မို့​လို့​သာ​လေ သူက Yes or No ၂ခုပဲ ​ပေး​ရတာကိုး​။ အဲဒီလိုမျိုး​တုန်း​က ​ပေး​ရတာ။ ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲ​တွေ တုန်း​ကလည်း​ ​ပေး​မှ မ​ပေး​ရတာ ဒီမှာ​လေ။ အခု ဒီမဲကလည်း​ ဘာမှ မကြား​ဘူး​။”လို့​ ​ပြောပါတယ်။ ထိုင်း​နိုင်ငံ​ရောက်​နေတဲ့​ ယာယီနိုင်ငံကူး​လက်မှတ် ကိုင်​ဆောင်တဲ့​ မြန်မာနိုင်ငံသား​ သိန်း​ပေါင်း​များ​စွာကို မဲ​ပေး​နိုင်​ရေး​ကိစ္စကို မြန်မာသံရုံး​က ဘာမှမ​ပြောလို့​ မသိပါဘူး​လို့​ ဘန်​ကောက်မှာ​နေတဲ့​ မြန်မာအလုပ်သမား​အ​ရေး​ ​ဆောင်ရွက်သူ ဦး​ကျော်​သောင်း​က ​ပြောပါတယ်။ “ဒီ​နေ့​ဒီအချိန်အထိ ကျ​နော်တို့​ အလုပ်သမား​အ​ရေး​ ​ဆောင်ရွက်တဲ့​ အဖွဲ့​တွေကို​ရော၊​ အလုပ်သမား​ တဦး​ချင်း​စီကိုပါ ဘန်​ကောက် မြန်မာသံရုံး​ က​နေပြီး​တော့​ ကြိုတင်မဲ ကိစ္စ​ရော၊​ မဲထည့်​မယ့်​ ကိစ္စ​တွေ​ရော အ​ကြောင်း​ကြား​မျိုး​ မရှိ​သေး​ဘူး​။” ဂျပန်နိုင်ငံက မြန်မာတချို့​က​တော့​ ဇန်နဝါရီလဆန်း​ပိုင်း​ကတည်း​က ကြိုတင်မဲ​ပေး​ရတာ ရှိတယ်လို့​ တိုကျိုမြို့​က မြန်မာတဦး​က ​ပြောပါတယ်။ “ပြီး​ခဲ့​တဲ့​ ဇန်နဝါရီ​လောက်ကတည်း​က သူတို့​ နီး​စပ်တဲ့​လူ​တွေ စာရင်း​ ​ပေး​ပို့​တာ​ပေါ့​။ ပြီး​ခဲ့​တဲ့​ တပတ်ကဆိုရင် မဲသွား​ပေး​တာမျိုး​တွေ ရှိပါတယ်။ အများ​စုက​တော့​ မဲ​ပေး​ခွင့်​ မရကြဘူး​ပေါ့​လေ။” သံရုံး​က ဒီ​နေ့​ထိ မဲ​ပေး​ဖို့​ ဘာမှ အ​ကြောင်း​မကြား​ဘူး​လို့​ မ​လေး​ရှား​ရောက် မြန်မာတဦး​က ​ပြောပါတယ်။ “မဲ​ပေး​ဖို့​အတွက် သံရုံး​ကို သွား​ထည့်​ဖို့​က...။ ဒါ​ပေမယ့်​ မဲဘယ်မှာ​ပေး​မှန်း​ မသိဘူး​ ဖြစ်​နေတယ်​လေ အဲဒီလို၊​ ဘာမှ မသိဘူး​။”

A d v e r t i s e m e n t With Us

More News
Up