ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 19, 2017
မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၄၅၈,၀၀၀ ပေါက်ဈေးရှိပြီး ၁ တန်ကို ၃,၀၀၀ ကျပ် ဈေးတက်သွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၃၃၀,၀၀၀ ပေါက်ဈေးရှိပြီး ၁ တန်ကို ၁၀,၀၀၀ ကျပ် ဈေးတက်သွားပါတယ်။
ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၈၀၀ ကျပ်ကနေ ငွေကျပ် ၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်သွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီ(ဆိပ်ဖြူ)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၉၂၅ ကျပ်ကနေ ငွေကျပ် ၂,၄၂၅ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်သွားပါတယ်။
အာလူး
အာလူး(အောင်ပန်း)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၄၀၀ ကျပ်ကနေ ငွေကျပ် ၆၅၀ ဈေးရှိပြီး ၁ ပိဿာကို ၁၅၀ ကျပ် ဈေးတက်သွားပါတယ်။
ရွှေဘိုပေါ်ဆန်း
ဝါးတန်း ကုန်စည်ဒိုင်မှာတော့ ရွှေဘိုပေါ်ဆန်းက ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကစပြီး ၁ အိတ်ကို ၄၈,၅၀၀ ကျပ်ကနေ ငွေကျပ် ၅၀,၀၀၀ အထိ ဈေးရှိခဲ့ပြီး ပြီးခဲ့တဲ့ ၁၆ ရက်နေ့မှာတော့ ၁,၀၀၀ ကျပ် ဈေးတက်ခဲ့ပါတယ်။
ဖျာပုံပေါ်ဆန်း
ဖျာပုံပေါ်ဆန်းကတော့ ပြီးခဲ့တဲ့ ၁၄ ရက်နေ့ ၁ အိတ်ကို ၃၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၆,၅၀၀ ပေါက်ဈေးရှိခဲ့ပြီး ပြီးခဲ့တဲ့ ၁၇ ရက်နေ့မှာတော့ ၁ အိတ်ကို ၂,၀၀၀ ကျပ်ကျော် ဈေးတက်ခဲ့ပါတယ်။
ပေါ်ဆန်း နယ်စုံသစ်
ပေါ်ဆန်း နယ်စုံသစ်က ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ၁ အိတ်ကို ၃၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၅,၀၀၀ ဈေးရှိခဲ့ပြီး ပြီးခဲ့တဲ့ ၁၇ ရက်နေ့မှာတော့ ၁ အိတ်ကို ၂,၀၀၀ ကျပ်ကျော် ဈေးတက်ခဲ့ါတယ်။
ဒီတပတ်ထဲမှာ ဆန်ဈေးနှုန်းတွေဟာ သိသိသာသာ ဈေးတက်လာတာကို တွေ့ရပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA