ပီရူးတွင် မျိုးသုန်းပျောက်ကွယ်တော့မည့် တာရီကာယာလိပ် ထောင်ချီ ဘေးမဲ့လွှတ်

ဓာတ်ပုံ - ရိုက်တာ
မျိုးသုန်းပျောက်ကွယ်တော့မယ့် တာရီကာယာ (Taricaya) လိပ်အကောင်ပေါင်း ထောင်နဲ့ချီကို အောက်တိုဘာ ၁၇ ရက်နေ့က ပီရူးနိုင်ငံ အမေဇုန်ဒေသမှာ ဘေးမဲ့လွှတ်ခဲ့ကြပါတယ်။ အဲဒီလို ဘေးမဲ့လွှတ်တာဟာ ရှားပါးမျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ကြိုးပမ်းမှု တစိတ်တဒေသပဲ ဖြစ်ပါတယ်။ အမျိုးသား သဘာဝဒေသများ ထိန်းသိမ်းရေးအဖွဲ့ ဝန်ထမ်းတွေဟာ လိပ်ပေါက်ကောင်ရေ ၅၀၀၀ လောက် လွှတ်ပေးခဲ့ကြတာပါ။ အဲဒီ တာရီကာယာ လိပ်ဥတွေကို ကမ်းခြေတွေကနေ ကောက်ယူပြီး ဥဖောက်ယူခဲ့တာ ဖြစ်ပါတယ်။ တာရီကာယာလိပ်တွေဟာ တခါက အမေဇုန်ဒေသမှာ အများအပြား ရှိခဲ့ပေမယ့် ဖွံ့ဖြိုးတိုးတက်မှုနဲ့ သစ်ခုတ်မှုတွေကြောင့် လိပ်ကောင်ရေ လျော့ပါးလာခဲ့ပါတယ်။ ပီရူး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက “ဒီလို ဘေးမဲ့လွှတ်တာဟာ လိပ်ကောင်ရေကို ထိန်းသိမ်းတာတင်မကဘဲ ပိုမိုကောင်းမွန်တဲ့ သဘာဝရင်းမြစ်တွေနဲ့ ထိတွေခွင့်ရအောင် လုပ်ပေးတာဖြစ်ပါတယ်။ သူတို့ရဲ့ နေထိုင်မှုအဆင့်အတန်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up