DVB Logo
Home
ဆောင်းပါး
မြန်မာ့​ရွေး​ကောက်ပွဲ ကမ္ဘာ့​မီဒီယာ​တွေမှာဖုံး​လွှမ်း
DVB
·
March 31, 2012
မြန်မာ့​ရွေး​ကောက်ပွဲ ကမ္ဘာ့​မီဒီယာ​တွေမှာဖုံး​လွှမ်း
Donate to DVB

မြန်မာနိုင်ငံမှာနှစ် ၅၀ အတွင်း​ တတိယ​မြောက် ကျင်း​ပမယ့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ ​လေ့​လာသူ​တွေ၊​ နိုင်ငံတကာ မီဒီယာ​တွေက ​ရွေး​ကောက်ပွဲမတိုင်ခင် ရက်ပိုင်း​ အလိုကတည်း​က စိတ်ဝင်တစား​ ​စောင့်​ကြည့်​လေ့​လာ သတင်း​ယူ ​ရေး​သား​ ​ဖော်ပြ​နေကြပါတယ်။

ဧပြီ (၁)ရက်မြန်မာ ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် ဥ​ရောပသမဂ္ဂ၊​ အ​မေရိကန်၊​ က​နေဒါ ဩစ​တြေး​လျ၊​ ဂျပန် အိနိယနဲ့​ အာဆီယံ အဖွဲ့​ကြီး​တို့​က နိုင်ငံတကာ ​ရွေး​ကောက်ပွဲ ​လေ့​လာသူ​ပေါင်း​ ၁၅၀ ​ကျော်က မဲ​ပေး​မှုကို ​စောင့်​ကြည့်​ကြမှာပါ။ နယူး​ယောက်မြို့​ အ​ခြေစိုက် ကုလသမဂ္ဂ ရုံး​ချုပ်က ကိုယ်စား​လှယ် ကိုယ်တိုင် ​ရွေး​ကောက်ပွဲ အတွက် လာ​ရောက်မယ်လို့​ ကုလသမဂ္ဂက မတ် ၃၁ ရက်​နေ့​မှာ သတင်း​ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂသတင်း​နဲ့​ ပြန်ကြား​ရေး​ ဌာနက​တော့​ မြန်မာ့​ကြား​ဖြတ် ​ရွေး​ကောက်ပွဲဟာ မြန်မာ့​သမိုင်း​ အတွက် အတိမ်း​အ​စောင်း​ မခံဘဲ အသည်း​အသန် အ​ရေး​ပါတဲ့​ အချိန်ကာလလို့​ လွတ်လပ်တဲ့​ ပညာရှင်တ​ယောက်ရဲ့​ စကား​ကို ကိုး​ကား​ဖော်ပြပါတယ်။

ထိုင်း​လွှတ်​တော်ရုံး​က​တော့​ ကိုယ်စား​လှယ် ၃ ​ယောက်ကို လွှတ်ခဲ့​ပြီး​ ထိုင်း​ မီဒီယာ ၃ ခု က​တော့​ ​ကော့​မှူး​၊​ မရမ်း​ကုန်း​နဲ့​ မင်္ဂလာ​တောင်ညွန့်​ မြို့​နယ်တို့​က မဲရုံ​တွေကို ​စောင့်​ကြည့်​ မှတ်တမ်း​တင် ကြမှာပါ။

ဩစ​တြေး​လျနိုင်ငံက ​လေ့​လာသူ ၅ ဦး​က​တော့​ ဧရာဝတီတိုင်း​ကို သွား​မှာ ဖြစ်ပြီး​ ​နောက်တဦး​က​တော့​ မ​ကွေး​တိုင်း​ကို သွား​မယ်လို့​ ဩစ​တြေး​လျသံရုံး​က ​ပြောပါတယ်။ လူ့​အခွင့်​အ​ရေး​အတွက် နိုင်ငံတကာအဖွဲ့​ချုပ် (FIDH)၊​ လူ့​အခွင့်​အ​ရေး​နဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆိုင်ရာ အာရှဖို့​ရမ်(Forum-Asia)၊​ မြန်မာ့​အ​ရေး​ အာဆီယံကွန်ယက်(Asean-Burma)နဲ့​ မြန်မာ့​ဒီမိုက​ရေစီ အတွက်ဖိုရမ် (FDB) တို့​ က​တော့​ ပုံမမှန်မှု​တွေနဲ့​ စိစစ်​ရေး​တွေ​ကြောင့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ဖြစ်စဉ်ဟာ ရုပ်ပျက်ဆင်း​ပျက် ဖြစ်​နေပြီလို့​ ​ပြောပြီး​ ပြုပြင်​ပြောင်း​လဲ​ရေး​လုပ်ဖို့​ တိုက်တွန်း​တဲ့​ ​ကြေညာချက် တ​စောင် ထုတ်ပြန် လိုက်ပါတယ်။

မြန်မာ့​လူ့​အခွင့်​အ​ရေး​ဆိုင်ရာ ကုလသမဂ္ဂ အထူး​သံတမန် ​သောမတ်စ် အို​ဟေး​ ကင်တား​နား​က ဒီကြား​ဖြတ်​ရွေး​ ​ကောက်ပွဲဟာ အစိုး​ရအတွက် ဒီမိုက​ရေစီ ပြုပြင် ​ပြောင်း​လဲ​ရေး​ အ​ကောင်အထည်​ဖော်ရာမှာ တိုး​တက်မှု ရှိ မရှိ အဓိက စမ်း​သပ်ချက်ဖြစ်တယ်လို့​ မတ် ၃၀ ရက်​နေ့​က ​ပြောပါတယ်။ ၂၀၁၀ ​ရွေး​ကောက်ပွဲဟာ ချို့​ယွင်း​ချက် အပြစ် အနာအဆာ​တွေ ရှိခဲ့​လို့​ နိုင်ငံတကာ စံချိန်ကို မပြည့်​မီခဲ့​ဘူး​လို့​လည်း​ ​ပြောပါတယ်။ ဒါ​ကြောင့်​ ဒီမိုက​ရေစီ ​ပြောင်း​လဲမှု အတွင်း​ စိန်​ခေါ်ချက်​တွေကို ​ဖြေရှင်း​ရမယ့်​ အခွင့်​အ​ရေး​ကို လက်လွတ်ခဲ့​တယ်။ ပိုပွင့်​လင်း​လာတဲ့​ ​ခေတ်သစ်မှာ ဒါမျိုး​အဖြစ်အပျက် ထပ်ပြီး​ မဖြစ်သင့်​ဘူး​လို့​လည်း​ ​ပြောပါတယ်။

ဧပြီ ၁ ရက်​နေ့​မှာ ကျင်း​ပမယ့်​ မြန်မာနိုင်ငံ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ​အောင်မြင်မှုရဲ့​ အ​ရေး​ပါပုံကို အ​မေရိကန် အစိုး​ရဗျူဟာနဲ့​ ဘက်​ပေါင်း​စုံ​ရေး​ရာဌာန ဒု - လက်​ထောက် အတွင်း​ရေး​မှူး​ နီရဗ်ပ​တေး​က အာဆီယံ အတွင်း​ဝန်များ​ရုံး​အတွင်း​ ​ဟော​ပြောပို့​ချချက်အပြီး​ မတ် ၃၀ ရက်​နေ့​က ​ပြောပါတယ်။ ဒီအ​ကြောင်း​ကို​တော့​ ဆင်ဟွာ သတင်း​ဌာနက ​ဖော်ပြတာပါ။ အာဆီယံ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ဆူရင်ပစ်ဆူဝမ်က မြန်မာအစိုး​ရရဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ ​လေ့​လာဖို့​ ဖိတ်ကြား​ချက်အ​ပေါ် အာဆီယံ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ရုံး​က မြန်မာ့​နိုင်ငံ​ရေး​ ဖြစ်စဉ်ကို ပံ့​ပိုး​ရတာ ​ကျေနပ်ဝမ်း​မြောက်​ကြောင်း​ တုံ့​ပြန်​ပြောဆိုပါတယ်။ အမျိုး​သား​ရင်ကြား​ ​စေ့​ရေး​ကို အား​ပေး​ဖို့​ ​မျှော်လင့်​ထား​တဲ့​ သိသာထင်ရှား​တဲ့​ နိုင်ငံ​ရေး​ ဖြစ်စဉ်ပဲလို့​လည်း​ ​ပြောပါတယ်။

ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ စစ်အုပ်ချုပ်​ရေး​အောက်မှာ နှစ် ၅၀ နီး​ပါး​ ​နေခဲ့​ရတဲ့​ ပြည်သူ​တွေရဲ့​ အ​ကြောက်တရား​နဲ့​ တိတ်ဆိတ်မှုကို ဖယ်ရှား​ဖို့​ အစိုး​ရရဲ့​ ကတိပြုချက်ကို စစ်​ဆေး​တဲ့​ စမ်း​သပ်ချက်ပဲလို့​ အကဲခတ်​တွေရဲ့​စကား​ကို ကိုး​ကား​ပြီး​ မတ် ၃၁ ရက်​နေ့​မှာ ထုတ်လွှင့်​တဲ့​ စီအန်အန် သတင်း​ဌာနက ​ကြေညာပါတယ်။ စီအန်အန်သတင်း​ဌာနဟာ မြန်မာ​ရွေး​ကောက်ပွဲကို ပြည်တွင်း​က​နေ တိုက်ရိုက်ထုတ်လွှင့်​ပြသမှု​တွေလည်း​ပြုလုပ်​နေပါတယ်။

အေအက်ဖ်ပီ သတင်း​ဌာနက​တော့​ အ​မေရိကန်က မြန်မာ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် ​လေ့​လာသူ ၂ ဦး​ ​စေလွှတ်​ကြောင်း​ သတင်း​ ထုတ်ပြန်ပါတယ်။ မြန်မာအစိုး​ရရဲ့​ ဖိတ်ကြား​ချက်အရ ​စေလွှတ်တာလို့​လည်း​ ​ဖော်ပြပါတယ်။

အ​မေရိကန်​လေ့​လာသူ ၂ ဦး​ဟာ မတ် ၂၈ ရက်က​နေ ဧပြီ ၃ ရက်အထိ မြန်မာနိုင်ငံထဲမှာ ​နေထိုင်ပြီး​ မဲ​ပေး​မှု အ​ခြေအ​နေကို ​လေ့​လာမယ်လို့​ အ​မေရိကန် အစိုး​ရ ​ပြောခွင့်​ရသူ ဗစ်တိုရီး​ယား​ နူလန်း​က ​ပြောပါတယ်။ ​လေ့​လာသူ ၂ ဦး​အပြင် အ​မေရိကန် စာနယ်ဇင်း​သမား​တွေနဲ့​ နိုင်ငံတကာ စာနယ်ဇင်း​သမား​တွေ အ​ပေါ်လဲ ​မျှော်လင့်​ချက် ထား​ကြောင်း​ ​အေအက်ဖ်ပီကို ​ပြောပါတယ်။

မတ် ၃၀ ရက်​နေ့​ထုတ် ဘန်​ကောက်ပို့​စ် သတင်း​စာက​တော့​ ​ရွေး​ကောက်ပွဲ မတိုင်ခင် မဲဆွယ်ပွဲဆိုင်ရာ မြင်ကွင်း​တွေကို ခြယ်မှုန်း​ ​ဖော်ပြထား​ပါတယ်။ နာဂစ်မုန်တိုင်း​အပြီး​ ပြန်လည်ထူ ​ထောင်​ရေး​ အား​ထုတ်စဉ်က ​ဒေသခံ လုပ်အား​ပေး​ အုပ်စု​တွေနဲ့​ ချိတ်ဆက်ပြီး​ ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ခဲ့​တယ်။ ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာလည်း​ ​ဒေသခံ ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​သူ အ​ယောက် ၂၀၀၀ ​ကျော်က သတင်း​အချက်အလက်​တွေကို ဗဟိုကို ​ပေး​ပို့​လိမ့်​မယ်လို့​ လွတ်လပ်​သော ​ရွေး​ကောက်ပွဲအတွက် အာရှကွန်ယက်က ​ဒေသခံ အရာရှိနဲ့​ ၈၈ မျိုး​ဆက်အုပ်စု အဖွဲ့​ဝင်ဦး​တင်​မောင်​ထွေး​ကို ကိုး​ကား​ပြီး​ ​ဖော်ပြထား​ပါတယ်။ မြန်မာ့​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ ​လေ့​လာသူများ​ ​ခေါင်း​စဉ်​အောက်မှာ ​ဒေသခံ ​စောင့်​ကြည့်​သူ​တွေဟာ မဲဆန္ဒနယ် ၄၅ နယ်ထဲက ၄၀ မှာ ​စောင့်​ကြည့်​ဖို့​ ခွင့်​ပြုချက် ရထား​ကြောင်း​လည်း​ ​ဖော်ပြပါတယ်။

မတ် ၃၀ ရက်​နေ့​ထုတ် ​ဝေါလ် စထရိတ် ဂျာနယ်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ သတင်း​ စာရှင်း​လင်း​ပွဲအတွင်း​ ​ပြောဆိုချက်ကို ​ဖော်ပြပါတယ်။ ​ရွေး​ကောက်ပွဲအပြီး​ အ​နောက်နိုင်ငံ ​တွေက မြန်မာနိုင်ငံအ​ပေါ် စီး​ပွား​ရေး​ ဒဏ်ခတ်မှု​တွေ ရုတ်သိမ်း​သင့်​ မသင့်​နဲ့​ ဆက်စပ် သတင်း​ ထုတ်ပြန်ပါတယ်။

ကြား​ဖြတ်​ရွေး​ကောက်ပွဲ အတွင်း​ ပုံမမှန်မှု​တွေ​ကြောင့်​ ​ရွေး​ကောက်ပွဲအတွင်း​ တရား​မျှတမှုရှိ မရှိ စိုး​ရိမ်မှု​တွေ အသည်း​အသန် မြင့်​တက်​နေတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က မတ် ၃၀ ရက်​နေ့​ သတင်း​စာ ရှင်း​လင်း​ပွဲ အတွင်း​ ​ပြောဆိုလိုက်တာပါ။ တကယ်လို့​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲဟာ လွတ်လပ်ပြီး​ တရား​မျှတခဲ့​ရင် အ​မေရိကန်နဲ့​ ဥ​ရောပနိုင်ငံ​တွေက ဒဏ်ခတ် ပိတ်ဆို့​မှု​တွေကို ဧပြီလက စပြီး​ ​စောနိုင်သမျှ ​စော​စော ရုပ်သိမ်း​ပေး​ချင်တယ်လို့​ ​ပြောခဲ့​ပြီး​ပါပြီ။ အ​မေရိကန်က​ရော ဥ​ရောပကပါ သူတို့​ဆုံး​ဖြတ်တဲ့​အခါ ​ဒေါ်​အောင်ဆန်း​စု့​ကြည်ရဲ့​ အကြံပြုချက်ကို အ​လေး​အနက် ထား​မယ်လို့​ ​ပြောခဲ့​ဖူး​ပါတယ်။

ရိုက်တာ သတင်း​ဌာနက​တော့​ မတ် ၃၁ ရက်​နေ့​မှာ မဲဆွယ်ပွဲ အခင်း​အကျင်း​တွေနဲ့​ မဲရုံ​တွေမှာ ပြင်ဆင်​နေပုံ​တွေကို ထုတ်လွှင့်​ ပြသ​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013