Home
မြန်မာသတင်း
တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒီမိုကရေစီ မရနိုင်ဟု ပြည်ထောင်စုရှေ့နေချုပ် ပြော
DVB
·
October 19, 2017
တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီဟာ အတူတကွ ယှဉ်တွဲနေထိုင်ပြီး တရားဥပဒေစိုးမိုးမှု မရှိဘဲ ဒီမိုကရေစီ မရနိုင်ဘူးလို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၁၈ ရက် မနက်က ပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ ဆင်းရဲနွမ်းပါးသူတွေအတွက် ဥပဒေကိစ္စရပ်တွေကို အခမဲ့ ကူညီဆောင်ရွက်ပေးနိုင်မယ့် My Justice စင်တာဖွင့်ပွဲမှာ အခုလို ပြောကြားလိုက်တာပါ။ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက “တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီက အတူတကွ ယှဉ်တွဲနေထိုင်တယ်။ တရားဥပဒေစိုးမိုးမှု မရှိဘဲ ဒီမိုကရေစီ မရနိုင်ဘူး။ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အပြောင်းအလဲကာလမှာ တရားဥပဒေစိုးမိုးရေးက အလွန်အရေးကြီးပါတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ချက်ပေးထားတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။ MyJustice စင်တာကို လူ့အသိုင်းအဝိုင်းအတွင်း ရာဇဝတ်မှုနဲ့ စွပ်စွဲခံရတဲ့ ဆင်းရဲသား ပြည်သူတွေ၊ တန်းတူညီမျှမှု မရှိသူတွေ၊ အထူးသဖြင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်နဲ့ လူငယ်လူရွယ်တွေ၊ လိင်တူချစ်သူတွေ၊ လူမျိုး ကိုးကွယ်ယုံကြည်မှု လိင်စိတ်ခံရယူလို့မရတဲ့ လူနည်းစုတွေအတွက် ဥပဒေအကျိုးဆောင်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ တရားမျှတမှုကဏ္ဍကို ပိုမိုတိုးတက်အောင် ရည်ရွယ်ဖွင့်လှစ်ရတာလို့လည်း သိရပါတယ်။ အဲဒီ တရားမျှတမှုစင်တာကနေ တရားမျှတမှု ရရှိစေဖို့အတွက် လူ ၃၀၀၀ နီးပါးကို အခမဲ့ ဥပဒေအကျိုးဆောင်ပေးနိုင်ခဲ့ပြီး လူပေါင်း ၁၃၇၂ ဦးကို ဥပဒေအကြံဉာဏ် ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မြို့နယ် ၂၄ မြို့နယ်မှာရှိတဲ့ မြို့နယ်တရားရုံးတွေ၊ ခရိုင်တရားရုံး ၅ ရုံး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ မွန်ပြည်နယ် တရားလွှတ်တော်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွေမှာ ဥပဒေဆိုင်ရာ အထောက်အကူတွေ ပေးအပ်နေခဲ့တယ်လို့လည်း သိရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း My Justice တရားမျှတမှု စင်တာတွေကို တိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်ပြီး ဆင်းရဲနွမ်းပါးသူတွေ၊ ခွဲခြားဆက်ဆံခံနေရသူတွေနဲ့ ဥပဒေဆိုင်ရာ အကူအညီ လိုအပ်နေသူတွေကို ပိုမိုကျယ်ပြန့်စွာ အကူအညီပေးသွားမယ်လို့ My Justice Program ရဲ့ဆက်ဆံရေးမန်နေဂျာ ဒေါ်မေမြတ်ဇင်က ပြောပါတယ်။ “ကျမတို့ ၂၀၁၅ ခုနှစ်ထဲမှာ တရားမျှတမှုစင်တာ ရန်ကုန်နဲ့ မော်လမြိုင်ကို စတင်ပြီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ နောက်ထပ် လေးခု ထပ်ဖွင့်ပါတယ်။ အဲဒါက တောင်ကြီး၊ မန္တလေး၊ ဘားအံ၊ ဘားအံကတော့ ပြီးခဲ့တဲ့လကပေါ့နော်။ အခု ဒီလမှာတော့ တောင်ငူကို ဆက်ဖွင့်တယ်ပေါ့နော်၊ တရားမျှတမှုစင်တာက ၆ ခု ရှိသွားပြီ။ ဒါက ၆ ခုမြောက်ပေါ့နော်။ ဖွင့်ရတဲ့ ရည်ရွယ်ချက်အနေနဲ့ကတော့ ဆင်းရဲတယ်ပေါ့နော်။ ပြီးရင် ခွဲခြားဆက်ဆံခံရတယ်။ အားနည်းတယ်။ ဒီလိုလူတွေအတွက်ကို ရှေ့နေမငှားရမ်းနိုင်ဘူး၊ အမှုက ရင်ဆိုင်နေရပြီ၊ တရားစွပ်စွဲခံနေရပြီ ဆိုတဲ့အခါမှာ အခမဲ့ရှေ့နေလိုက်ပေးတာပါ။ အခမဲ့ ဥပဒေအကြံဉာဏ် ပေးတယ်။" အခုဖွင့်လှစ်လိုက်တဲ့ တောင်ငူစင်တာကနေပြီး အမှု ၁၁ မှုကို စတင်လက်ခံ ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။ သတင်း - သားကြီး(တောင်ငူ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024