DVB Logo
Home
မြန်မာသတင်း
ကော့​မှူး​မြို့​နယ်မှာ မဲဆွယ်သည့်​ ကြံ့​ခိုင်​ရေး​ပါတီနှင့်​ ​ဒေသခံများ​ ပြဿနာဖြစ်
DVB
·
March 31, 2012
ကော့​မှူး​မြို့​နယ်မှာ မဲဆွယ်သည့်​ ကြံ့​ခိုင်​ရေး​ပါတီနှင့်​ ​ဒေသခံများ​ ပြဿနာဖြစ်
Donate to DVB

ရန်ကုန်တိုင်း​ ​ကော့​မှူး​မြို့​နယ်ထဲမှာ ကြံ့​ခိုင်​ရေး​ပါတီက ​မော်​တော်ယာဉ်​တွေနဲ့​ လှည့်​လည် မဲဆွယ်ရင်း​ ​ဒေသခံ​တွေကို ဆဲဆိုရန်စတာ​တွေ ပြုလုပ်​နေတယ်လို့​ ​ကော့​မှူး​ အန်အယ်လ်ဒီ ​အောင်နိုင်​ရေး​တာဝန်ခံ ဦး​အေး​သိန်း​က ​ပြောပါတယ်။

[caption id="attachment_23437" align="alignleft" width="300" caption="​ကော့​မှူး​​မြို့​​နယ်​ ​မဲ​ရုံ့"][/caption]

“ကြံ့​ခိုင်​ရေး​ပါတီက ပြည်သူ​တွေနဲ့​ ဖြစ်တာပါ။ ကျ​နော်တို့​နဲ့​တော့​ မဟုတ်ပါဘူး​။ သူတို့​လည်း​ လှည့်​လည်​ရေး​ လမ်း​ကြောင်း​ ကျ​နော်တို့​လည်း​ လှည့်​လည်​ရေး​လမ်း​ကြောင်း​ ရှိတယ်​လေ။ ကျ​နော်တို့​ က​လေး​တွေ အကုန်လုံး​ အပါအဝင် ထိပ်တိုက် မ​တွေ့​အောင် ကျ​နော်တို့​က​တော့​ ​ရှောင်​ရှောင်​ပေး​နေရပါတယ်။ ဘာလို့​လဲဆို​တော့​ ကျ​နော်တို့​က ဒီပွဲကို အပျက်မခံနိုင်ဘူး​လေ။ ကျ​နော်တို့​က ကျိမ်း​သေနိုင်မှာ သူတို့​က ကျိမ်း​သေရှုံး​မှာ သိ​နေတဲ့​အခါ ဒီပွဲကို သူတို့​ ပျက်​စေချင်တဲ့​ သ​ဘောနဲ့​ ရန်စတာ​တွေ၊​ မခံချင်​အောင် လုပ်​တာ​တွေ အများ​ကြီး​ ​တွေ့​နေရပါတယ်။”

ဒီလိုလှည့်​လည်ရာမှာ ပါဝင်တဲ့​ လူတ​ယောက်ကို ​ငွေ ၃၀၀၀ ကျပ် ​ပေး​တယ်လို့​လည်း​ ဆိုပါတယ်။

“သူတို့​လှည့်​နေတဲ့​ထဲမှာ​တော့​ ကျ​နော်တို့​ ​ကော့​မှူး​မြို့​နယ်ကလူ နည်း​တယ်။ သူတို့​ အခြား​မြို့​နယ်က လူ​တွေကို ​ခေါ်လာတာ တ​ယောက်ကို ၃၀၀၀ ​ပေး​တယ်လို့​ ​ပြောတယ်။ ထမင်း​လည်း​ ​ကျွေး​တယ်။ သူတို့​ လက်​ဆောင် ဘာညာလည်း​ ​ပေး​တယ်​ပေါ့​။ သူတို့​က​တော့​ လူ​တွေ ငှား​လာတာ။ သို့မဟုတ် အခြား​မြို့​နယ်က မျက်နှာစိမ်း​တွေကို ​ခေါ်လာတာ။”

အဖွဲ့​ချုပ်အ​နေနဲ့​ ပြသာနာမတက်​အောင် ထိန်း​ထိန်း​သိမ်း​သိမ်း​ ​ဆောင်ရွက်​နေတယ်လို့​လည်း​ ဆိုပါတယ်။

ကော်မရှင်က ထုတ်ပြန်ထား​တဲ့​ မဲရုံနဲ့​ ကိုက် ၅၀၀ အကွာအတွင်း​ မဲဆွယ်တာ မလုပ်ရဆိုတဲ့​ အချက်ကလည်း ​ကော့​မှူး​မြို့​နယ်ထဲရှိတဲ့​ ရွာတချို့​အတွက် အခက်​တွေ့​နေရပုံကို ဦး​အေး​သိန်း​က ​ပြောပြပါတယ်။

“ကိုက် ၅၀၀ အတွင်း​မှာ မဲဆွယ်စည်း​ရုံး​မှု မလုပ်ရဘူး​ဆို​တော့​ ရွာ​တွေက ကိုက် ၂၀၀ ​လောက်​တောင် မရှိတဲ့​ ရွာ​တွေ ရှိတယ်။ မဲရုံကို ​ကျောင်းက မြို့​လယ်​ခေါင်မှာ လုပ်​တော့​ ​ကျ​နော်တို့​ ပါတီရုံး​တွေ ဆိုလည်း​ တော်​တော်ကို အခက်အခဲ​တွေ ​တွေ့​တာ ရွာပြင်ထွက်​နေရမယ့်​ကိန်း​ ဖြစ်​နေတယ်။ ကိုက် ၅၀၀ အတွင်း​မှာ မဲဆွယ်စည်း​ရုံး​ခြင်း​တို့​၊​ ပိုစတာတို့​၊​ ဗွီနိုင်း​တို့​၊​ ပါတီ​တွေနဲ့​ ပတ်သက်တဲ့​ စာ​တွေ ဘာမှ မရှိရဘူး​။ ​နောက်ပြီး​တော့​ လုပ်တာကိုင်တာ မရှိရဘူး​ဆို​တော့​ ကျ​နော်တို့​က ​တော်​တော်ကို အကျပ်​တွေ့​တာ​ပေါ့​။ ရုံး​ကို​တောင်မှ ကျ​နော်တို့​က ပိတ်ထား​ရမလို ဖြစ်​နေတယ်။”

ကော့​မှူး​က ဝင်ပြိုင်မယ့်​ ပါတီဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ မတ် ၃၁ ရက်ညမှာ ​ကော့​မှူး​မြို့​နယ်၊​ ဝါသင်္ခ​ကျေး​ရွာမှာ လာ​ရောက်ညအိပ်ပြီး​၊​ ဧပြီ ၁ ရက်​နေ့​မှာ မြို့​နယ်ထဲ မဲ​ပေး​သူ​တွေကို လိုက်လံအား​ပေး​မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း​ ​ကော့​မှူး​မြို့​နယ်အတွင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ဒေါ်​အောင်ဆန်း​စုကြည်၊​ ညီညွတ်​ရေး​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီက ဦးတင်ရီနဲ့​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက ​ဒေါက်တာစိုး​မင်း​တို့​ ဝင်​ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြို့​နယ်ထဲ မဲ​ပေး​နိုင်သူ​ပေါင်း​ ၉၀,၀၀၀ ဝန်း​ကျင်ရှိပြီး​ မဲရုံ​ပေါင်း​ ၁၂၉ ခု ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013