မန်ယူတွင် ကာလကြာရှည် ရှိနေမည်မဟုတ်ဟု မော်ရင်ဟို ပြော

ဓာတ်ပုံ - ရိုက်တာ
နည်းပြအဖြစ် နောက်ထပ် ၁၅ နှစ်လောက်လုပ်ဖို့ မျှော်လင့်ထားပေမယ့်လည်း မန်ယူမှာ ကာလကြာရှည် ရှိနေမှာမဟုတ်ဘူးလို့ နည်းပြ မော်ရင်ဟိုက ပြောလိုက်ပါတယ်။ အသက် ၅၄ နှစ်အရွယ် နည်းပြ မော်ရင်ဟိုဟာ နည်းပြဟောင်းကြီး ဖာဂူဆန်လို အသက် ၇၀ အရွယ်အထိ သက်တော်ရှည်နည်းပြလုပ်ဖို့ ဆန္ဒရှိနေတာပါ။ မော်ရင်ဟိုဟာ အသင်းတသင်းမှာ ၄ နှစ်ထက်ပိုပြီး နည်းပြလုပ်လေ့မရှိဘဲ အသင်းပေါင်း ၇ သင်းမှာ နည်းပြတာဝန် ယူဖူးထားပါတယ်။ သူ့ကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ကာလကြာရှည်ကတည်းက ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပေါ်တူဂီသား နည်းပြဟာ ပေါ်တို၊ အင်တာမီလန်အသင်းတွေနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရယူထားနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up