A d v e r t i s e m e n t With Us

နေပြည်​တော် ဇမ္ဗူသီရိမြို့​နယ်မှာ ကြိုတင်မဲများ​ ကြံ့​ခိုင်​ရေး​ကို ထည့်​ရန် တိုက်တွန်း

နေပြည်​တော် ဇမ္ဗူသီရိမြို့​နယ်မှာ​တော့​ ကြိုတင်မဲ​ကောက်ခံရမှာ ကြံ့​ခိုင်​ရေး​ပါတီကို မဲထည့်​ပါဆိုတဲ့​ တိုက်တွန်း​ပြောဆိုမှု​တွေ ရှိ​ပေမယ့်​ ပြဿနာကြီး​တွေ ဖြစ်တာမျိုး​ မရှိဘူး​လို့​ အန်အယ်လ်ဒီပါတီ ကိုယ်စား​လှယ်အ​နေနဲ့​ ဝင်​ရောက်ယှဉ်ပြိုင်တဲ့​ ​ဒေါ်စန္ဒာမင်း​က ဒီဗွီဘီကို ​ပြောပါတယ်။ မတ် ၃၀ ရက်​နေ့​က ​ကောက်ခံတဲ့​ ကြိုတင်မဲစာရင်း​အရ ကြိုတင်မဲ ​ပေး​သူ​ပေါင်း​ ၄၁၅ ဦး​ ရှိပြီး​ သူ့​စာရင်း​နဲ့​ ကိုက်ညီမှုရှိတယ်လို့​ ​ဒေါ်စန္ဒာမင်း​က ​ပြောပါတယ်။ “ကြိုတင်မဲ ​ကောက်တယ်ဆိုတာ ကျမတို့​ကောက်တာ မဟုတ်ဘူး​။ ရပ်ကွက် ​ကော်မရှင်က​နေ ​ကောက်တာဖြစ်တယ်။ မ​နေ့​ကဆိုရင် ကျမတို့​ မသိလိုက်​တော့​ အ​နောက်က​နေ လိုက်မကြည့်​နိုင်ဘူး​။ ဒီ​နေ့​မှာ​တော့​ ကျမတို့​ ကြည့်​ခွင့်​ရပါတယ်။ ကျမတို့​အဖွဲ့​တွေလည်း​ ကြိုတင်မဲ သွား​ကောက်တဲ့​နေရာမှာ လိုက်ပါခဲ့​ကြတယ်။ အခက်အခဲ​တွေ မရှိပါဘူး​။ တခု​တော့​ရှိတယ်။ ရပ်ကွက်​ကော်မရှင် ဆိုတဲ့​ဟာက ကြံ့​ခိုင်​ရေး​ပါတီဝင်က ၅ ​ယောက်မှာ ၄ ​ယောက်ရှိတယ်။ ကြိုတင်မဲ​ပေး​တဲ့​နေရာမှာ ၁ ​ယောက်၊​ ၂ ​ယောက်​လောက်က မခြစ်တတ်​တော့​ ​မေး​ရင် ဒီဟာ​လေး​ကိုပဲ ခြစ်လိုက်​ပေါ့​ဆိုတာမျိုး​၊​ သိပ်ကြီး​ကြီး​မား​မား​တော့​ မဟုတ်ဘူး​။ ပြဿနာ ဖြစ်​လောက်​အောင်​တော့​ ကြီး​ကြီး​မား​မား​ အဟန့်​အတား​၊​ အ​နှောင့်​အယှက်​တွေ ကျမပြိုင်တဲ့​နေရာမှာ မရှိ​သေး​ပါဘူး​။” ​နေပြည်​တော် ဇမ္မူသီရိမြို့​နယ်မှာ မဲရုံ​ပေါင်း​ ၃၆ ရုံရှိပြီး​ မဲ​ပေး​နိုင်သူ​ပေါင်း​ ၅၃,၂၆၁ ဦး​ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up