အာဆင်နယ်ကိုပြောင်းရွှေ့ရန် စိတ်မဝင်စားခဲ့သည့်အပေါ် စတာလင် ထုတ်ပြော

ဓာတ်ပုံ - Getty Images
မန်စီးတီး လူငယ်တိုက်စစ်မှူး စတာလင်က သူ့အနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားခဲ့ခြင်းအပေါ် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စတာလင်က သူ့အနေနဲ့ ပုံမှန်ပွဲထွက်ကစားခွင့် ရနေပြီး ဒီလိုအခွင့်အရေးရဖို့ နည်းပြ ဂွါဒီယိုလာနဲ့ စကားပြောဖို့ မလိုအပ်ကြောင်း၊ ဂွါဒီယိုလာဟာ မှန်ကန်တဲ့နည်းပြဖြစ်လို့ ယုံကြည်ကြောင်း၊ မန်စီးတီးအသင်းဟာ ကလပ်အသင်းကြီးတသင်းဖြစ်ပြီး အကောင်းဆုံးနည်းပြနဲ့ လက်တွဲနေရတာဖြစ်လို့ သင်ယူလေ့လာနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလက စတာလင်ကို အသင်းတိုက်စစ်မှူး ဆန်းချက်ဇ်နဲ့ အလိုက်ပေးလဲလှယ်ဖို့ လိုလားခဲ့တာ ဖြစ်ပေမယ့် စတာလင်ဟာ တန်ကြေးရှိတဲ့အတွက် မလဲလှယ်နိုင်ဘူးလို့ နည်းပြ ဂွါဒီယိုလာက ငြင်းဆန်ထားခဲ့တာပါ။ စတာလင်ဟာ အခုနှစ်ရာသီမှာ ၇ ဂိုးထိ သွင်းယူပေးထားခဲ့ပြီး မန်စီးတီး အမှတ်ပေးဇယား ဦးဆောင်နေတာမှာ အဓိကကျတဲ့ ကစားသမား ဖြစ်နေပါတယ်။ မန်စီးတီးအသင်းဟာ အခုနှစ်မှာတော့ အကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်ထားပြီး ရှုံးပွဲလုံးဝမရှိသေးသလို ၈ ပွဲကစားပြီး ၂၉ ဂိုးထိ ရရှိထားသလို ၄ ဂိုးသာ ပေးထားခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up