ကွင်းလယ်လူ အိုဇေးလ်နေရာ အစားထိုးရန် အာဆင်နယ်အသင်း ပြင်ဆင်နေ

ဓာတ်ပုံ - ဒေးလီးပို့စ်
အာဆင်နယ်အသင်းဟာ ခြေစွမ်းကျဆင်းနေတဲ့ ကွင်းလယ်လူ မီဆွတ်အိုဇေးလ်နေရာမှာ အစားထိုးဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၈ လာသာ ကျန်တော့တဲ့အတွက် လာမယ့် ဇန်နဝါရီလမှာ အစားထိုးဖို့ ကစားသမားသစ် ရှာဖွေတော့မှာလည်း ဖြစ်ပါတယ်။ အိုဇေးလ်အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဝတ်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တွန်ကလီဗာလီရဲ့ နောက်ဆုံးအနိုင်ဂိုးကို ခွင့်ပြုပေးခဲ့ရတဲ့အပေါ် အဓိကတာဝန်ရှိခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိ အိုဇေးလ်ဟာ ဒူးခေါင်းဒဏ်ရာ ရရှိပြီးတဲ့နောက်ပိုင်း ပုံမှန်ခြေစွမ်းပြန်မရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အိုဇေးလ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ စွမ်းဆောင်ရည် ကျဆင်းနေပြီး ဆန်းချက်ဇ်၊ အာရွန်ရမ်ဆေးတို့လည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်။ လာမယ့်အပြောင်းအရွှေ့မှာ ဆန်းချက်ဇ်ဟာ မန်စီးတီးအသင်းကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာပါ။ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာတော့ နောက်ခံလူ ကိုစီယယ်နီ ပြန်လည်ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။

More News
Up