ငြိမ်းချမ်းရေးရန်ပုံငွေအတွက် စော်ဘွားတဦး သိန်းငါးဆယ် လှူဒါန်း

  ငြိမ်းချမ်းရေးနဲ့စပ်လျဉ်းတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့အတွက် ငြိမ်းချမ်းရေးရန်ပုံငွေ (NRPC Peace Fund)ကို စကွယ်စော်ဘွား စ၀်စိန်လင်းက သိန်းငါးဆယ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ သမ္မတရုံးကို ဆက်သွယ်လှူဒါန်းတာဖြစ်ပြီး လှူဒါန်းရတဲ့အကြောင်းရင်းကို အခုလို ပြောပါတယ်။ “အရေးကြီးတာကတော့ ကျနော်တို့ နိုင်ငံငြိမ်းချမ်းရေးရဖို့ ဆိုပြီး လှူခဲ့တာပါ။ ချမ်းသာလို့ လှူတာတော့ မဟုတ်ပါဘူး ” လို့ စကွယ်စော်ဘွား စ၀်စိန်လင်းက ပြောပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၂ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ အခုလို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up