Home
မြန်မာသတင်း
ပိတ်ဆို့အရေးယူမည့်သတင်းများအပေါ် မစိုးရိမ်ကြောင်း ကာကွယ်ရေးဝန်ကြီးပြော
နေဖြိုးဝင်း
·
October 16, 2017
 ဥရောပသမဂ္ဂနဲ့ အမေရိကန်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်မယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုမရှိကြောင်း ကာကွယ်ရေးဝန်ကြီးက  ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ မီဒီယာတွေရဲ့ မေးမြန်းချက်ကို အခုလို ပြောတာဖြစ်ပါတယ်။ “အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ဘက်က ဘာမှ ပြောစရာမရှိပါဘူး။ ဘာလို့လည်းဆိုတာ့ ကျနော်တို့ ဗုဒ္ဓဘာသာတွေအနေနဲ့ကတော့ ကံကံ၏အကျိုးပေးပဲ ယုံပါတယ်။ ကိုယ်ကောင်းတာ လုပ်ရင် ကောင်းတဲ့အကျိုးရမှာပေါ့။ ကိုယ်မကောင်းတာလုပ်လည်း မကောင်းတဲ့အကျိုးရမှာပေါ့။ ကျနော်တို့က လိပ်ပြာသန့်ပါတယ်။ ကိုယ့်အနေနဲ့ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန်နဲ့ နိုင်ငံကာကွယ်ဖို့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် သူများတွေ ဘာပြောပြော သိပ်ပြီးတော့ စိုးရိမ်မှု မရှိပါဘူး” လို့ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024