Home
မြန်မာသတင်း
မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒသစ်တွင် ဘယ်မောင်းသီးသန့်သာ တင်သွင်းခွင့်ပြု
DVB
·
October 16, 2017
အသစ်ထွက်ပေါ်လာတဲ့ ၂၀၁၈ ခုနှစ် မော်တော်ယာဉ်တင်သွင်းခွင့်မှုဝါဒအရ ဘယ်မောင်းသီးသန့်တခုတည်းကိုဘဲ တင်သွင်းရမှာဖြစ်ပြီးတော့ ညာမောင်းကားတွေကို လုံးဝ တင်သွင်းခွင့် မပြုတော့ပါဘူး။ မော်တော်ယာဉ်မူဝါဒသစ်ကို စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ မော်တော်ယာဉ်တင်သွင်းမှု ကြီးကြပ်ရေးကော်မတီကထုတ်ပြန်လိုက်တာပါ။ စလစ်ကပ်ကားတွေထဲက ကုန်တင်ကားနဲ့ ဘတ်စ်ကားတွေလည်း ၂၀၁၄ မော်ဒယ် အနိမ့်ဆုံး တင်သွင်းရမှာပါ။ ကားတင်သွင်းခွင့်အသစ်မှာ စလစ်ကပ်အိုဟောင်း လဲလှယ်တဲ့ကားတခုတည်းကသာ ၂၀၁၄ မော်ဒယ်အနိမ့်ဆုံး အိမ်သုံးကားတင်သွင်းခွင့်ရမှာဖြစ်ပြီးတော့  တခြားလူစီးအိမ်သုံးကား တင်သွင်းတဲ့နည်းလမ်းတွေဖြစ်တဲ့ တဦးချင်းတင်သွင်းခွင့်နဲ့ ကုမ္ပဏီတွေက FOBစနစ်နဲ့ တင်သွင်းမှုတွေအားလုံးကို ၂၀၁၆ မော်ဒယ်အနိမ့်ဆုံးတင်သွင်းရမယ်လို့ သတ်မှတ်ထားပါတယ်။ မော်တော်ယာဉ်တင်သွင်းခွင့်မှုဝါဒသစ်ကို ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နေ့စွဲနဲ့ အစိုးရကထုတ်ပြန်လိုက်တာကြောင့် ညာမောင်း ဂျပန်တပတ်ရစ်ကားတွေ ဈေးတက်နေတယ်လို့ ဈေးကွက် အတွင်းက သတင်းတွေ ထွက်ပေါ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024