Home
မြန်မာသတင်း
ACE ကုမ္ပဏီကို ရဲတပ်ဖွဲ့ စစ်ဆေးမှုများ ပြုလုပ်နေ၊ လုံခြုံရေး တင်းကြပ်စွာချထား
DVB
·
October 16, 2017
22491661_1432732640097131_4250401611685237464_n
22489884_1432732603430468_3282701574566879235_n
22489760_1432732666763795_6669606503923620858_n
22448374_1432732583430470_329408569064944189_n
  ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာပတ်လမ်းရှိ A.C.E group of companies ကို ဒီနေ့ မနက် ၇ နာရီခွဲထဲက ရဲတပ်ဖွဲ့က စစ်ဆေးတာတွေ ပြုလုပ်နေပြီး လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားပါတယ်။ အောက်တိုဘာ ၁၅ ရက်ညက နေပြည်တော်လေဆိပ်မှာ အားကစားဝန်ကြီးဟောင်းရဲ့ သားဖြစ်သူ ACE ကုမ္ပဏီဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အဖော် ၂ ယောက်ထံကနေ သြစတြေးလျနိုင်ငံထုတ် ၉ မမ ပစ္စတို ၂ လက်နဲ့ ကျည် ၇၂တောင့်၊ WY စိတ်ကြွဆေးပြား ၁၂ ပြား၊ ICE ၁.၅ ဂရမ်၊ ဆက်သွယ်ရေးစက် ၃ လုံး စတာတွေ ဖမ်းမိခဲ့ပါတယ်။ အဲဒီနောက် သူတို့ တည်းခိုခဲ့တဲ့ ဟိုတယ် ACE ကို ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ဖြိုးကိုကိုတင့်ဆန်းရဲ့ အခန်းက လျူဂါ ပစ္စတို အပါအဝင် ပစ္စတို ၅ လက်၊ ကျည် ၆၃၈ တောင့်၊ အမ် ၁၆ ကျည်အတောင့် ၂၀၊ ပွိုင့် ၂၂ ကျည် ၁၀ တောင့်၊ ကျည်ကာအင်္ကျီတထည်၊ စနိုက်ပါ မှန်ပြောင်းတခု စတာတွေ ဖမ်းမိခဲ့ပါတယ်။ ဖြိုးကိုကိုတင့်ဆန်းရဲ့ အဖော် ၂ ယောက်တည်းခိုတဲ့ အခန်းမှာတော့ ပစ္စတို ၂ လက်နဲ့ ကျည် ၁၆ တောင့်ကို တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။ သတင်း၊ ဓာတ်ပုံ - ကျော်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024