အဆော့လွန်ပြီး နံရံနှစ်ခုကြား ခေါင်းညပ်နေသည့် ကလေးငယ်ကို ကယ်တင် (ရုပ်သံ)
Published By
DVB | 16 October, 2017
2.7K
0
Share
0
Comment
0
Likes
တရုတ်နိုင်ငံ မူလတန်းကျောင်းတကျောင်းမှာ နံရံနှစ်ခုအတွင်း ဦးခေါင်းညပ်နေတဲ့ ကလေးငယ်တဦးကို မီးသတ်တပ်ဖွဲ့ဝင်တွေက အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က အန်ဟွေးပြည်နယ် စူကျိုးမြို့ရှိ ကျောင်းတကျောင်းမှာ ၆ နှစ်အရွယ် မိန်းကလေးတဦး အဆော့လွန်ပြီး နံရံနှစ်ခုကြား ညပ်မိသွားတာပါ။
မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ပထမတော့ နံရံကို ဖြိုချဖို့ ကြိုးစားခဲ့ပေမယ့် အဲဒီနံရံဟာ အပေါ်က အလေးဝန်ကို ထမ်းထားရတဲ့နံရံဖြစ်တာမို့ ဖြိုချမယ့်အစီအစဉ်ကို စွန့်လွှတ်ခဲ့ပါတယ်။
ဒီနောက်မှာတော့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ နံရံကို ကော်ပတ်စားပြီး ဆီလောင်းချကာ ညပ်နေတဲ့ မိန်းကလေးရဲ့ ဦးခေါင်းကို ပင့်ထားလျက် နံရံနှစ်ခုကြားထဲကနေ အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ကယ်ဆယ်ရေးအစီအမံ ကောင်းမွန်ခဲ့တာကြောင့် အခုလိုမျိုး ကလေးငယ်ကို အနာတရမဖြစ်ဘဲ ကယ်ဆယ်နိုင်ခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။