တရုတ်တွင် တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်

တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်း ကမ်းရိုးတန်းဒေသတွေကို တိုင်ဖွန်းမုန်တိုင်း ခနန်း ဝင်ရောက်တိုက်ခိုက်နေရာမှာ ကွမ်တုံပြည်နယ်နဲ့ ဟိုင်နန်ပြည်နယ်တွေကို အောက်တိုဘာ ၁၆ ရက် နံနက်အစောပိုင်းက ဝင်ရောက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ တိုင်ဖွန်း ခနန်းဟာ တရုတ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း ကမ်းရိုးတန်းတွေကို ဝင်ရောက်တိုက်ခတ်ချိန်မှာ လေတိုက်နှုန်း တနာရီ ၁၀၃ ကီလိုမီတာကနေ ၁၃၄ ကီလိုမီတာထိ ရှိပါတယ်။ တရုတ်အမျိုးသားမိုးလေဝသဌာနက လိမ္မော်ရောက်အဆင့် သတ်မှတ်ထားတဲ့ တိုင်ဖွန်း ခနန်းဟာ ကမ်းရိုးတန်းဒေသကို စတင်ဝင်ရောက်ချိန်မှာ မုန်တိုင်းအဆင့် ၁၄ ကနေ ၁၃ ကို ကျသွားခဲ့ပြီး ထပ်မံကျဆင်းသွားမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဟိုင်နန်ပြည်နယ်က ဟိုက်ကူမြို့မှာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေတိုက်နှုန်း တနာရီကို ၁၁၇ ကီလိုမီတာကနေ ၁၄၉ ကီလိုမီတာအထိ တိုက်ခတ်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up