အဲဗာတန်နှင့် ဘရိုက်တန် ၁ ဂိုးစီသရေကျ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်က အဝေးကွင်းမှာ ဘရိုက်တန်ကို နောက်ကနေလိုက်ကစားပြီး ၁ ဂိုးစီ သရေကျသွားပါတယ်။ အဲဗာတန်အသင်းဟာ လတ်တလောမှာ ရလဒ်တွေမကောင်းလို့ နည်းပြ ကိုးမန်းလည်း ဖိအားတွေ ကျရောက်နေပါတယ်။ တန်းတက်အသင်း ဘရိုက်တန်က အဲဗာတန်ကို သူတင်ကိုယ်တင် ခြေရည်တူ ကစားနိုင်ခဲ့ပါတယ်။ အဲဗာတန်က ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက်ကန်သွင်းခွင့် ပိုရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဘရိုက်တန်အတွက် ဦးဆောင်ဂိုးကို ၈၂ မိနစ်မှာ သွင်းယူပါတယ်။ အိမ်ရှင်အသင်းက တဂိုး ဂိုးမရှိနဲ့ အဆုံးသတ်တော့မလို ဖြစ်နေတုန်း မိနစ် ၉၀ မှာ အဲဗာတန်က ပယ်နယ်တီ ရသွားပါတယ်။ အဲဒီပယ်နယ်တီကို တိုက်စစ်မှူး ရွန်နီက အမှားအယွင်းမရှိ သွင်းယူပြီး တဂိုးစီ သရေနဲ့ အဆုံးသတ်သွားပါတယ်။ အဲဗာတန်ဟာ ကစားထားတဲ့ ၈ ပွဲမှာ ၂ ပွဲပဲ နိုင်သေးပြီး ရမှတ် ၈ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။ တန်းတက်အသင်း ဘရိုက်တန်ကလည်း ၈ မှတ်နဲ့ အဆင့် ၁၄ မှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up