Home
မြန်မာသတင်း
မုံရွာမြို့တွင် ကလေးစာပေပွဲတော် ကျင်းပ
Aung Ko Latt
·
October 15, 2017
22528496_694805500724448_874559201630842698_n
22489992_694805407391124_1885435855894557634_n
22449586_694805340724464_1925524729053458120_n
22448438_694805600724438_783826079137768982_n
22406246_694805567391108_5177559833992543455_n
  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ် ဘက်စုံခန်းမမှာ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပတဲ့ ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို ၃ ရက်ကြာကျင်းပခဲ့ပြီး ဒီနေ့ ညနေပိုင်းမှာတော့ စည်ကားသိုက်မြိုက်စွာနဲ့ ပိတ်သိမ်းခဲ့ပါတယ်။ ကလေးစာပေပွဲတော်ပိတ်သိမ်းပွဲကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ တိုင်း လွှတ်တော်ဥက္ကဋ္ဌနဲ့ ဌာနဆိုင်ရာတွေ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲအသီးသီးမှာ ဆုရရှိခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆုလက်ဆောင်တွေချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ကလေးစာပေ ပွဲတော် ၃ ရက်လုံးမှာ စာအုပ်ဝယ်ယူသူ၊ လာရောက်လေ့လာသူတွေနဲ့ စည်ကားခဲ့ပါတယ်။ "နောက်ထပ်လည်း အခုလိုပွဲတွေ မကြာခဏလုပ်ပေးစေချင်ပါတယ်။ ကျနော်ကလေးတွေ ကိုတော့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်နေ့လည်း တိုက်လို့ ၃ ရက်လုံး ပို့ပေးတယ်။ တော်တော် သဘောကျကြတယ်။ ဒီပွဲက ကလေးတွေအတွက်တင်မကဘူး လူကြီးတွေအတွက်လည်း လိုချင်တဲ့စာအုပ်တွေကို စိတ်တိုင်းကျဝယ်ခွင့်ရလို့ ဒီပွဲလုပ်ပေးတဲ့သူတွေကို ကျေးဇူးတင်တယ်"လို့ ကလေးစာပေးပွဲကိုလာရောက်တဲ့ ဝန်ထမ်းတစ်ဦးကလည်းပြောပါတယ်။ ကလေးစာပေပွဲတော်တွေကို နှစ်စဉ်အလျဉ်းသင့်သလို တိုင်းအစိုးရက ဦးဆောင်ပြီး လုပ်ပေးဖို့ကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း ဖွင့်ပွဲမှာ တိုက်တွန်းခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024