Sunday, May 28, 2023
Homeမြန်မာသတင်းထက္ထက္မိုး​ဦး​ကို ဒဏ်​ငွေကျပ် ၁ ​ထောင် ပြစ်ဒဏ်ချ

ထက်ထက်မိုး​ဦး​ကို ဒဏ်​ငွေကျပ် ၁ ​ထောင် ပြစ်ဒဏ်ချ

သတင်း​ထောက်တဦး​ကို ကိုယ်ထိလက်​ရောက်ကျူး​လွန်ခဲ့​တဲ့​ နိုင်ငံ​ကျော် ရုပ်ရှင်မင်း​သမီး​ ​ဒေါ်ထက်ထက်မိုး​ဦး​ကို ပြစ်မှုထင်ရှား​တယ်လို့​ တရား​ရုံး​က ဆုံး​ဖြတ်ပြီး​ ဒဏ်​ငွေကျပ် ၁ ​ထောင် ပြစ်ဒဏ် စီရင်လိုက်ပါတယ်။

ရန်ကုန်တိုင်း​ ရန်ကင်း​မြို့​နယ် တရား​ရုံး​က ဒီ​နေ့​ ​သောကြာ​နေ့​ မနက် ၁၀ နာရီခွဲမှာ ပြစ်မှုဆိုင်ရာမ ပုဒ်မ ၃၂၃ သာမန်နာကျင်​စေမှုအရ ​ငွေဒဏ် ချမှတ်လိုက်တာပါ။

ရန်ကင်း​မြို့​နယ် တရား​ရုံး​ရဲ့​ ဆုံး​ဖြတ်ချက်အ​ပေါ် တရား​ခံ ​ဒေါ်ထက်ထက်မိုး​ဦး​က ​ကျေ​ကျေနပ် နပ်လက်ခံသလို ဒဏ်​ငွေ ၁ ​ထောင်​ပေး​သွား​ပြီး​ ဒီစီရင်ချက်အတွက် အယူခံမဝင်​တော့​ဘူး​လို့​ ဆိုပါတယ်။

အမှုဖြစ်ပွား​ပုံအစက​တော့​ ၂၀၁၀ ခုနှစ်လယ်ပိုင်း​က ပါတီပွဲတခုမှာ 7Day သတင်း​ဂျာနယ် သတင်း​ထောက် မ​အေး​သူစံက ​ဒေါ်ထက်ထက်မိုး​ဦး​ကို ကိုယ်​ရေး​ကိုယ်တာ ကိစ္စတခု ​မေး​မြန်း​ရာက အစပြုလို့​ ထက်ထက်မိုး​ဦး​က ပါး​ရိုက် လိုက်တဲ့​အတွက် စွဲဆိုခဲ့​တဲ့​ အမှု ဖြစ်ပါတယ်။

အမှုစစ်​ဆေး​ချိန် ၁ နှစ်နဲ့​ ၁၀ လ​ကျော်ကာလမှာ တရား​ရုံး​ကို အကြိမ် ၇၀ ​ကျော် သွား​ခဲ့​ရတယ်လို့​ တရား​လို မ​အေး​သူစံက ​ပြောပါတယ်။ သတင်း​ထောက် မ​အေး​သူစံက တရား​ရုံး​ရဲ့​ စီရင်ချက်အ​ပေါ် မ​ကျေနပ်​ပေမယ့်​ ကုန်ကျစရိတ် မတတ်နိုင်​တော့​လို့​ အယူခံမဝင်​တော့​ပါဘူး​လို့​ ဆိုပါတယ်။

“ကျမ ခံစား​ခဲ့​ရတုန်း​က လူပုံအလယ်မှာ အရှက်တကွဲ အကျိုး​နည်း​ ဖြစ်ခဲ့​ရတယ်။ ဒီအမှုမှာ လူအား​၊​ ​ငွေအား​နဲ့​ စိတ်အင်အား​တွေ အများ​ကြီး​ပေး​ပြီး​တော့​ အချိန်​ပေး​ အသုံး​ချခဲ့​ရတယ်။ ဂုဏ်သိက္ခာပိုင်း​ဆိုင်ရာကို ဒီလို ​စော်ကား​လိုက်တဲ့​ အတွက် အလုပ်နဲ့​ ပတ်သက်ပြီး​ ကျမစိတ် ဓာတ်​တွေလည်း​ ​တော်​တော်ကြီး​ ကျခဲ့​ရတယ်။ ဒီ​လောက် နစ်နာမှု​တွေ အတွက်ကို ပြန်ရလိုက် တာက ဒဏ်​ငွေ ၁ ​ထောင် ဆို​တော့​ လူရယ်စရာကြီး​ ဖြစ်​နေပါတယ်။ ကျမ ဒီ စီရင်ချက်ကို လုံး​ဝ မ​ကျေနပ်ပါဘူး​။ သို့​သော် ကျမမှာ ​နောက်ထပ် ​ငွေအင်အား​ရော လူအင်အား​ပါ အကုန်အကျ မခံနိုင်​တော့​ပါဘူး​။ ဂုဏ်သိက္ခာပိုင်း​အ​နေနဲ့​ ​ပြောမယ်ဆိုရင်​တော့​ တရား​ရုံး​တခုမှာ သူဟာ တရား​ခံ တ​ယောက်အ​နေနဲ့​ စာရင်း​ဝင်သွား​ပြီ။”လို့​ ​ပြောပါတယ်။

အခုပြစ်ဒဏ်ချမှတ်တဲ့​ အမှုဟာ ပြစ်မှုထင်ရှား​ရင် ဒဏ်​ငွေ ကျပ် ၁၀၀၀ သို့​မဟုတ် ​ထောင်ဒဏ် ၁ လက​နေအမြင့်​ဆုံး​ ​ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်လို့​ ရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular