အမေရိကန်သမ္မတ လျို့ဝှက်လုံခြုံရေးတပ်ဖွဲ့ လေ့ကျင့်ရေးစခန်း သွားရောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လန်နီယာထရမ့်တို့ဟာ အမေရိကန်လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့ရဲ့ လေ့ကျင့်ရေး စခန်းရှိရာ မေရီလန်း (Maryland) ကို အောက်တိုဘာ ၁၃ ရက်နေ့က သွားရောက်လေ့လာခဲ့ပါတယ်။ သူတို့နဲ့အတူ သတင်းနဲ့ပြန်ကြားရေးဝန်ကြီး ဆာရာ ဟက္ကဘီး ဆန်ဒါ (Sarah Huckabee Sanders) နဲ့ လူမှုရေးမီဒီယာ ဒါရိုက်တာ ဒန် စကဗီနို (Dan Scavino) တို့လည်း လိုက်ပါခဲ့ကြပြီး အထူးလျှို့ဝှက်အေးဂျင့်တွေ ကားမောင်းလေ့ကျင့်ခန်းသရုပ်ပြတာကို လိုက်ပါစီးနင်းခဲ့ကြပါတယ်။ သမ္မတနဲ့ သမ္မတကတော်တို့က ကားမောင်းလေ့ကျင့်ခန်း သရုပ်ပြတာအပြင် လုံခြုံရေးခွေးတပ်ဖွဲ့တွေ သရုပ်ပြတာကို လေ့လာကြည့်ရှုခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up