မိတ္ထီလာတွင် တက္ကသိုလ်ကျောင်းသားတဦး ရေနစ်သေဆုံး

မိတ္ထီလာမြို့၊ မိတ္ထီလာတောင်ဘက် ကန်ရေကျော် ၇ ပေါက်မှာ ရေနစ်ပျောက်ဆုံးသွားတဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသားရဲ့အလောင်းကို ဒီနေ့မနက် ပြန်တွေ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်မှူးက ပြောပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက အဝေးသင်တက္ကသိုလ် လာတက်ကြတဲ့ တက္ကသိုလ်ကျောင်းသား မင်းခန့်နိုင်၊ ဝေလုကျော်နဲ့ အောင်ဇော်ထက်တို့ ၃ ဦး မိတ္ထီလာတောင်ဘက်ကန် စိုက်ပျိုးရေးသုံးရန်ပေးထားတဲ့ ရေကျော် ၇ ပေါက်မှာ ရေဆင်းချိုးကြရာ မင်းခန့်နိုင် ရေနစ်ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ မိတ္ထီလာမြို့မရဲစခန်း ဒုရဲအုပ်အောင်သူမင်းက “ရေအနက်က ၈ ပေလောက်ရှိမယ်။ အကျယ်ပေ ၃၀ လောက်ပေါ့။ မနေ့ညနေကတော့ ဝိုင်းပြီးရှာကြတယ်။ မတွေ့ဘူး။ ဒီနေ့မနက်မှ ရေမြောင်းထဲ ပေါ်လာတယ်။ ပြင်ပဒဏ်ရာမတွေ့ရပါဘူး” လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၃/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

More News
Up