ကယ်လီဖိုးနီးယား တောမီးလောင်ကျွမ်းမှု သေဆုံးသူ ၃၁ ဦး ရှိပြီ၊ ၁၀၀ ကျော် ပျောက်ဆုံး

အမေရိကန်က ဝိုင်စိုက်ပျိုးထုတ်လုပ်ရာ မြောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်အနှံ့မှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် လူ ၃၁ ဦးထိသေဆုံးသွားပြီး၊ လူ ၁၀၀ ကျော်ပျောက်ဆုံးနေပါတယ်။ မြောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ် ကာလီစတိုဂါမြိုမှာ တောမီးလောင်ကျွမ်းမှု ပြင်းထန်လာတာကြောင့် လူ ၅၀၀၀ လောက်ကို ဘေးလွှတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်တားပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့က စတင်လောင်ကျွမ်းခဲ့တဲ့ ဒီတောမီးဟာ  နယ်မြေ ၈ ခုက နေရာ ၂၄ နေရာလောက်မှာ လောင်ကျွမ်းနေပြီး၊  မြေ ဧက ၁ သိန်း ၇ သောင်း ပျက်စီးသွားခဲ့ပါတယ်။ အနည်းဆုံး လူနေအဆောက်အဦ ၃၅၀၀ လောက် မီးလောင်ခံခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up