DVB Logo
Home
မြန်မာသတင်း
“စနစ်ဆိုးနဲ့စစ်ဂျိုးခွာစို့” သင်္ကြန်သံချပ် စတင်ဖြန့်ဝေ
DVB
·
March 30, 2012
“စနစ်ဆိုးနဲ့စစ်ဂျိုးခွာစို့” သင်္ကြန်သံချပ် စတင်ဖြန့်ဝေ
1 / 2
Donate to DVB

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ ၂၀၁၂ နှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်သံချပ် စီဒီခွေကို  မြန်မာပြည်တွင်းနဲ့ ကမ္ဘာအနှံ့ကို မနေ့ ကစတင်ဖြန့်ဝေလိုက်ပါပြီ။

သံချပ်ခေါင်းစဉ်ကို “စနစ်ဆိုးနဲ့စစ်ဂျိုးခွာစို့”လို့ အမည်ပေးထားပြီး မြန်မာ့ဒီမို ကရေစီရေး အတွက် ပြည်တွင်းပြည်ပရှိ လက်ရှိအစိုးရနဲ့ အတိုက်ခံအဖွဲ့ အစည်းတွေကို ဝေဖန်အကြံပြုထားတဲ့ သံချပ်တွေ ပါဝင်တာကိုတွေ့ရပါတယ်။

သံချပ်စီစဉ်သူ ကျောက်မဲ ကိုကျော်ကြီးက “၂၀၀၈ ဥပဒေကို ပြည်သူလူထုတွေ ယုံကြည်စိတ်ချရမယ့် ဥပဒေတွေဖြစ်အောင် ပြန်လည် ပြင်ဆင်မှသာ စစ်မှန်ပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ နိုင်ငံသစ်ကြီးကို ရနိုင်မယ်လို့ ရည်ရွယ်ပြီးတော့ “စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့”လို့ ကျနော်တို့ နာမည်ပေးလိုက်တာပါ။”လို့ ရှင်းပြပါတယ်။

ဒီနှစ် သင်္ကြန်သံချပ်မှာ ပါဝင်တဲ့ ကဏ္ဍတွေကတော့ တိုင်းပြည် အခြေအနေ၊ ကြားဖြတ်ရွေးကောက်ပွဲ နဲ့ ပြည်တော်ပြန်၊ မီဒီယာနဲ့ တိုက်ပွဲခေါ်သံစတဲ့ ကဏ္ဍမျိုးစုံပါဝင်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013