အာဆင်နယ်နောက်ခံလူ မူစတာဖီ ဒဏ်ရာကြောင့် တလခန့်နားရမည်

အာဆင်နယ်အသင်းမှာ နောက်ခံလူ မူစတာဖီ ဒဏ်ရာကြောင့် တလလောက် အနားယူရမှာဖြစ်ပေမယ့် အသင်းခေါင်းဆောင် ကိုစီယယ်နီ ပြန်လည်ပွဲထွက်နိုင်တော့မယ်လို့ သိရပါတယ်။ ဂျာမနီနောက်ခံလူ မူစတာဖီဟာ အဇာဘိုင်ဂျန်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါင်ခြံဒဏ်ရာ ရခဲ့တာဖြစ်ပြီး အနည်းဆုံး တလလောက် အနားယူရမယ်လို့ ဆိုပါတယ်။ ဒီလိုအချိန်မှာ နောက်ထပ် နောက်ခံလူတဦးဖြစ်တဲ့ ကိုစီယယ်နီ ဒဏ်ရာက သက်သာလာတာဟာ နည်းပြ အာစင်ဝင်းဂါးအတွက် သက်သာရာ ရခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာ တိုက်စစ်မှူးဝဲလ်ဘက်နဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်တို့လည်း ဒဏ်ရာပြဿနာတွေကနေ ပြန်ကောင်းလာတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့်အပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝတ်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up