ဧရာဝတီကာကွယ်သူများ တွေ့ဆုံပွဲ ပြုလုပ် (သတင်းဓာတ်ပုံ)
DVB
·
March 30, 2012
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းဖို့ နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့တဲ့ ၆ လပြည့် အထိမ်းအမှတ်အဖြစ် ဧရာဝတီကို ကာကွယ်သူတွေ တွေ့ဆုံပွဲ အခမ်းအနားတရပ် ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ သမိုင်းဝင်ဆုံးဖြတ်ချက်ချခဲ့တဲ့ သမ္မတကို ကျေးဇူးတင်ခြင်းနဲ့ ဒီဆုံးဖြတ်ချက်ခိုင်မာ ရှင်သန်စေဖို့အတွက် ဧရာဝတီ ချစ်သူတွေစုပြီး သူတို့ရဲ့ အမြင်အသီးသီးကို ထုတ်ဖော် ပြောဆိုကြခြင်း စတဲ့ ရည်ရွယ်ချက်နှစ်ခုနဲ့ ဒီနေ့ ပွဲကျင်းပတာလို့ ပွဲစီစဉ်တဲ့ ဦးထွန်းလွင် (ထွန်းလွင်ဖောင်ဒေးရှင်း)က ပြောပါတယ်။
ဒီနေ့ပွဲကို သက်ဆိုင်ရာနယ်ပယ်အသီးသီးက ပညာရှင်တွေ၊ စာရေးဆရာ၊ ကဗျာဆရာ စတဲ့ အနုပညာရှင်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အန်ဂျီအို အသီးသီးက တာဝန်ရှိသူတွေ စုစုပေါင်း ၅၀၀ လောက် တက်ရောက်ခဲ့ကြပြီး ဧရာဝတီနဲ့ဆိုင်တဲ့ စာတမ်းပေါင်း ၂၀ ကျော် ဖတ်ကြား ခဲ့ကြပါတယ်။
Read more