စွန့်ပစ်ရေဆိုးကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းရေးဆွေးနွေး (သတင်းဓာတ်ပုံ)
ထွန်းထွန်းသိန်း
·
October 12, 2017
ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကနေ ထွက်ရှိတဲ့ စွန့်ပစ်ရေဆိုးကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းစေရေး အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI မှာ ကျင်းပနေပါတယ်။
ဆွေးနွေးပွဲမှာတော့ ပတ်ဝန်းကျင်ထိန်းထိမ်းရေး ဥပဒေ နည်းဥပဒေတွေကို ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ရေး၊ စွန့်ပစ်ရေဆိုးကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖော်ထုတ်ရေး၊ ရေဆိုး သန့်စင်ခြင်းဆိုင်ရာ နည်းပညာများ ရရှိရေး၊ ကုန်ထုတ်စက်ရုံတွေကနေ ရေဆိုးသန့်စင်စနစ် တည်ဆောက်ရေး စတဲ့ အချက်တွေကို ဆွေးနွေးကြမှာပါ။
၂ရက်ကြာ ဒီအလုပ်ရုံဆွေးနွေးပွဲ ကုန်သည်စက်မှုအသင်းချုပ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရနဲ့ စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စောင့်ကြည့်လေ့လာကြတဲ့ အဖွဲ့အစည်းတွေ၊ အရက်ချက်စက်ရုံ တာဝန်ရှိသေူတွေ တက်ရောက် ဆွေးနွေးနေကြပါတယ်။