ဆုတံဆိပ် ဆွတ်ခူးနိုင်သော်လည်း မသန်စွမ်းအားကစားသမားများ ဂုဏ်ပြုခံရမှု အားနည်း

ဓာတ်ပုံ - ထက်လူ
2.5K
မသန်စွမ်းကစားသမားတွေအနေနဲ့ အာရှနဲ့ အရှေ့တောင်အာရှပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်တိုင်း ရွှေတံဆိပ်ဆုအပြင် တခြားဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ပေမယ့်လည်း ဂုဏ်ပြုခံရမှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ သိရပါတယ်။
မသန်စွမ်းကစားသမားတွေဟာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ကိုယ်အင်္ဂါချို့တဲ့သူတွေဖြစ်ပြီး ပြိုင်ပွဲတွေရှိချိန်တိုင်း မြောက်ဒဂုံရှိ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှာ လေ့ကျင့်ကြပါတယ်။
ပြိုင်ပွဲမရှိချိန်မှာတော့ နေရပ်ကိုပြန်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေရတာဖြစ်တယ်လို့ မသန်စွမ်း ကစားသမားတဦးက ပြောပါတယ်။
ဒါ့အပြင် ဆုတံဆိပ် ရရှိလာပေမယ့်လည်း သန်စွမ်းတဲ့ ကစားသမားတွေလောက် ဂုဏ်ပြုဆု ချီးမြှင့်ငွေတွေ မရကြဘူးလို့လည်း သိရပါတယ်။
မြန်မာ မသန်စွမ်းအားကစားအဖွဲ့မှာ ရေကူးအားကစားနည်းဟာ အအောင်မြင်ဆုံးဖြစ်ပြီး ပြေးခုန်ပစ်ကစားနည်းကလည်း အောင်မြင်မှုတွေ ရယူပေးထားနိုင်ပါတယ်။
အခုနှစ်မှာတော့ ထိုင်လျက်ဘော်လီဘော အားကစားအဖွဲ့ဟာ ပထမဆုံး ရွှေတံဆိပ်ဆု စတင်ရယူပေးနိုင်ခဲ့ပါတယ်။