Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေရန် မြိတ်မြို့ရှိ ကျောင်းသားများ ဖယောင်းတိုင် မီးထွန်းညှိ ဆုတောင်း
DVB
·
October 11, 2017
ဒေါ်အောင်ဆန်းစုကြည် သက်ရှည်ကျန်းမာစေဖို့ မြိတ်မြို့ရှိကျောင်းသူ/သားတွေ စုပေါင်းပြီး အောက်တိုဘာ ၁၀ ရက်နေ့က ဖယောင်းတိုင်ထွန်းညှိဆုတောင်းခဲ့ကြပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှည်ကျန်းမာစေဖို့ ရည်ရွယ်ပြီး မြိတ်မြို့ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၇၈ ဦး စုပေါင်းပြီး ပေါ်တော်မူဘုရားမှာ ဆုတောင်းမေတ္တာပို့သရာ ကျွန်းစုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ဒေသခံတွေ ဝန်းရံပေးခဲ့ကြကြောင်း သိရပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာနဲ့ နိုင်ငံအကျိုး ဆတက်ထမ်းပိုး ထမ်းရွက်နိုင်ပါစေလို့ ရည်ရွယ်ပြီး ဒီဆုတောင်းပွဲကို ကျင်းပရတာဖြစ်တယ်လို့ သိရပါတယ်။ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက "အောက်တိုဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလိုဆုတောင်းပွဲတွေ ကျင်းပတာဖြစ်ပြီး မြိတ်မြို့မှာ ကျောင်းသူကျောင်းသားတွေအပြင် အရပ်ဖက်အဖွဲ့အစည်း၊ အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ဒေသခံပြည်သူတွေက ဝန်းရံပေးကြပါတယ်" လို့  ပြောကြားခဲ့ပါတယ်။ ကျောင်းသား ကျောင်းသူတွေက ဖယောင်းတိုင် မီးထွန်းညှိကာ ပေါ်တော်မူဘုရားကို လက်ယာရစ်ပတ်ပြီး "အမေစု သက်ရှည်ကျန်းမာပါစေ"ဟု မေတ္တာပို့ ဆုတောင်းခဲ့ကြပြီး ရင်ပြင်တွင်လည်း "အမေစု သက်ရှည်ကျန်းမာပါစေ"ဟု ဖယောင်းတိုင်မီးများဖြင့် စာလုံးဖော်ပြခြင်း၊ မီးပုံးပျံများ လွှတ်တင်ခြင်း ပြုလုပ်ခဲ့တယ်လို့ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ နဝမတန်းကျောင်းသား မောင်ဟိန်းထက်ပိုင်ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာစေဖို့ နေရာဒေသအသီးသီးမှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ ကျင်းပနေပြီး မြိတ်မြို့ဗိုလ်ချုပ်မြင်းစီးရုပ်တုရှေ့မှာ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းမှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024