DVB Logo
Home
မြန်မာသတင်း
တရုတ်နယ်စပ်မှာ မြန်မာအလုပ်သမား​ အများ​အပြား​ ဖမ်း​ဆီး​ခံရ
DVB
·
March 29, 2012
Donate to DVB

တရုတ်မြန်မာနယ်စပ် တရုတ်ပိုင် ​ရွှေလီမြို့​နဲ့​ ကျယ်​ဂေါင်မြို့​မှာ မတ်လအတွင်း​ မြန်မာနိုင်ငံသား​ အလုပ်သမား​ ၈၀၀ ခန့်​ ဖမ်း​ဆီး​ခံရတယ်လို့​ ​ရွှေလီမြို့​ခံ ဦး​အောင်​ကျော်​ဇောက ​ပြောပါတယ်။

ဒီလဆန်း​ပိုင်း​က တရုတ်ရဲ တဦး​ အသတ်ခံရမှုနဲ့​ ​ငွေလဲလှယ်တဲ့​ တရုတ်အမျိုး​သမီး​ကြီး​ တဦး​ ​ငွေလုခံရပြီး​ ​သေဆုံး​ပြီး​တဲ့​နောက် အဖမ်း​အဆီး​ များ​လာတာလို့​ သူက ​ပြောဆိုပြီး​ မြန်မာပြည် သား​တွေကို အဖမ်း​အဆီး​များ​ပြား​တာ ပထမဆုံး​အကြိမ် ဖြစ်တယ်လို့​ ဆိုပါတယ်။

တရုတ်ရဲ​တွေက​တော့​ သူတို့​နိုင်ငံတွင်း​ကို တရား​မဝင် ဝင်​ရောက်မှု​တွေ များ​ပြား​ပြီး​ ဒုစရိုက်ထူ​ပြော တာ​ကြောင့်​ နယ်​မြေငြိမ်ဝပ်ပိပြား​ရေး​အတွက် အဖမ်း​အဆီး​လုပ်တာလို့​ ဦး​အောင်​ကျော်​ဇော ကရှင်း​ပြပါတယ်။ “​ရွှေလီမြို့​ တမြို့​လုံး​နဲ့​ ကြယ်​ဂေါင်မြို့​ တမြို့​လုံး​ကို အလုံး​အရင်း​နဲ့​ ဖမ်း​တာ က​တော့​ ကျ​နော် မှတ်မိတာက​တော့​ ၁၄ ရက်​နေ့​ ည​လောက်က စပါတယ်။ နည်း​နည်း​ အရှိန်ကျ သွား​တာက​တော့​ ဒီ တရက်နှစ်ရက်။ ဒါ​ပေမယ့်​ ဖမ်း​နေတုန်း​ပါပဲ။ အဓိက ပြဿနာ က​တော့​ သူတို့​ခေါင်း​စဉ်က​တော့​ ဒီမှာ ပြဿနာ​တွေ တချို့​ပေါ်တယ်​ပေါ့​။ အမှု​တွေ အများ​ကြီး​ ဖြစ်လာတယ်။ ဒီ တလပြီး​ တလ အတွင်း​မှာ လုယက်မှု​တွေ ဘာ​တွေ ဖြစ်ရင် ရာဇဝတ်မှု​ပေါ့​။ မှုခင်း​ဆိုင်ရာ အမှု ၁၀၀ ​လောက်မှာ ၄၀ ရာခိုင်နှုန်း​က မြန်မာပြည်သား​တွေနဲ့​ ဖြစ်တယ်​ပေါ့​။”

တရုတ်ရဲအရာရှိ ​သေဆုံး​မှုက မြန်မာဘက်ခြမ်း​ ရှမ်း​ပြည်နယ်က​နေ ဝင်​ရောက်လုပ်ကိုင်သူ ၅ ဦး​ကို တရုတ်တ​ယောက်ကပဲ ​ငွေ​ပေး​ သတ်ခိုင်း​တယ် ဆိုတာ ​ဖော်ထုတ်နိုင်ပြီး​ အမျိုး​သမီး​သေဆုံး​မှု တရား​ခံ​တော့​ မ​ပေါ်​သေး​ပါဘူး​။

ဒီဖြစ်စဉ်​တွေက ရက်ပိုင်း​အတွင်း​ ဖြစ်တာ​ကြောင့်​ ယူနန်ပြည်နယ် အရာရှိ​တွေက စုံစမ်း​တဲ့​အခါ ​ရွှေလီမှာ မြန်မာနိုင်ငံသား​ ၃ ​သောင်း​လောက်အထိ ​ရောက်ရှိ လုပ်ကိုင်​နေတာကို ​တွေ့​ရှိခဲ့​တယ်လို့​ ဆိုပါတယ်။ ဒါ​ကြောင့်​ သန့်​စင်​ရေး​စီမံချက် ဆိုပြီး​ လက်မှတ် မရှိသူ​တွေကို ဖမ်း​ဆီး​နေတာလို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013