မိုးကြိုးပြင်အလယ်ရွာထိပ်၌ ဒေသခံများက ကြေးနီစီမံကိန်းကားများကို တားဆီးဆန္ဒပြ
Aung Ko Latt
·
October 10, 2017
မုံရွာ လက်ပံတောင်းတောင်ဒေသက မိုးကြိုးပြင်အလယ်ရွာထိပ်မှာ ဒေသခံတွေက သပိတ်စခန်းဖွင့်ပြီး ကြေးနီစီမံကိန်းကို သွားလာနေတဲ့ မော်တော်ယာဉ်တွေကို တားဆီးနေတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက်ညှိနှိုင်းနေပါတယ်။
အောက်တိုဘာ ၉ ရက် ညနေ ၆ နာရီခန့်ကစပြီး တားဆီးထားတာကြောင့် ဒီနေ့မနက်မှာတော့ တိုင်းအစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးမြင့်ကြည်၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန်းနိုင်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်တို့ ဒေသခံတွေနဲ့ လာရောက်ညှိနှိုင်းနေတာပါ။
ဒေသခံတွေကတော့ စီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ အစားထိုးမြေယာဧက ၁၉၀၀ ဖော်ထုတ်ပေးရေးအတွက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့သာ တောင်းဆိုနေတာဖြစ်ပြီး တွေ့ဆုံခွင့်ရတာနဲ့ တားဆီးထားတဲ့ ကားတွေကို လွှတ်ပေးမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၄ ရက်နေ့ ဆန္ဒပြပွဲမှာတော့ အခုလ ၂၀ ရက်နေ့ကို ဒေသခံတွေ တောင်းဆိုနေတဲ့ အစိုးရ၊ ပြည်သူ၊ ဦးပိုင်၊ ဝမ်ပေါင် ၄ ပွင့်ဆိုင် တွေ့ဆုံရေးလုပ်ပေးမယ်လို့ ပြောဆိုထားပါတယ်။
လက်ရှိအခြေအနေအရ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကလည်း အသင့်အနေအထားရှိနေပြီး ညှိနှိုင်းနေဆဲဖြစ်သလို ပြေလည်မှုတော့ မရရှိသေးပါဘူး။