Home
မြန်မာသတင်း
ကျိုက်ထိုတွင် အုန်းနို့ခေါက်ဆွဲစားမိရာမှ လူ ၁၀၀ ကျော် အစာအဆိပ်သင့်
DVB
·
October 9, 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရွာလေးကျေးရွာမှာ ဒီနေ့မနက်ပိုင်းက အလှူအိမ်မှာကျွေးတဲ့ အုန်းနို့ခေါက်ဆွဲစားမိရာက လူအယောက် ၁၃၀ နဲ့ သံဃာတော် ၂ပါး အစာအဆိပ်သင့်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကျိုက်ထိုမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစောကလျာ က “ကလေးမွေးနေ့ဆိုတော့ ကျွေးလည်းကျွေး ပါဆယ်လည်းကမ်းတော့ စားမိသူများသွားတယ်။ အသက်အန္တရယ်တော့ မရှိပါဘူး။ ခဏနေဆေးရုံတက်မယ့်လူနဲ့ ပြန်ရမယ့်လူကိုခွဲထုတ်မှာပါ။ အလှူအိမ်ကိုလည်း ကျမတို့သွားပြီး နမူနာယူခဲ့ပါတယ်” လို့ ပြောပါတယ်။ အဆိုပါခေါက်ဆွဲဟင်းရည်မှာ အုန်းနို့၊ နို့စိမ်း၊ ကုလားပဲတို့နဲ့ ချက်ပြုတ်ထားပြီး စိန်ကိုးလုံးတံဆိပ် ခေါက်ဆွဲခြောက်ကို ပြုတ်ပြီးကျွေးမွေးခဲ့တာလို့ အလှူရှင်မိသားစုက ပြောပါတယ်။ “အလှူရှင် ဦးပြုံးတို့မိသားစုက အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အုန်းနို့ခေါက်ဆွဲ ဆွမ်းကပ်လှူနေကျပါ။ ဒီတစ်ခါကျွေးတဲ့ခေါက်ဆွဲဖတ်က ဂျုံနဲ့လုပ်ထားလို့များ ဖြစ်တာလားတော့ မသိဘူး” လို့ ဒေသခံတဦး ကပြောပါတယ်။ အုန်းနို့ခေါက်ဆွဲစားပြီး အချိန်တနာရီခွဲလောက်အကြာမှာ အော့အန်မှုတွေ တလစပ်ဖြစ်ပေါ်နေလို့ သိမ်ဇရပ်တိုက်နယ်ဆေးရုံကို လာရောက်ကုသခဲ့ရာ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီထိ စုစုပေါင်း လူအယောက် ၁၃၀ နဲ့ သံဃာ ၂ ပါး ဖြစ်တယ်လို့ ဆေးရုံမှတ်တမ်းတွေ အရ သိရပါတယ်။ သတင်း-ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024