DVB Logo
Home
မြန်မာသတင်း
နန်းဝိုးဖန် အမှုကို တရားရင်ဆိုင်မည်ဟု ခင်ပွန်းသည်ပြော
DVB
·
March 29, 2012
နန်းဝိုးဖန် အမှုကို တရားရင်ဆိုင်မည်ဟု ခင်ပွန်းသည်ပြော
Donate to DVB

ရန်ကုန် စုံစမ်းစစ်ဆေးရေးရုံး  ငါးထပ် တိုက်ပေါ်ကနေ ပြုတ်ကျသေဆုံးသူ မနန်းဝိုးဖန်ရဲ့ ဈာပနကို မတ်လ ၃၀ ရက်နေ့ မွန်းလွဲ တနာရီမှာ ရန်ကုန်မြို့ ထိန်ပင်သုသာန်မှာ သဂြိုဟ် မှာဖြစ်ပြီး တရားဥပဒေကြောင်း အရလည်း ခင်ပွန်းသည်က ရင်ဆိုင်ဖို့ ပြင်ဆင်နေ ပါတယ်။

[caption id="attachment_23285" align="alignright" width="300" caption="နန်းဝိုးဖန် (ဓာတ်ပုံ- YPI)"][/caption]

အိမ်ခြံမြေကိစ္စနဲ့ စပ်လျဉ်းပြီး အသက် ၁၉ နှစ်အရွယ် ရှမ်းအမျိုးသမီး မနန်းဝိုးဖန်ဟာ သိန်း ၅ ထောင် ထက် မနည်း တန်ဖိုးရှိတဲ့ အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ စပ်လျဉ်းပြီး စသုံးလုံး ရုံးမှာ မတ်၂၁ ရက်နေ့ ညနေကနေ နေ့ရောညပါ စစ်ဆေးခံရပြီး ၂၄ ရက်နေ့ မနက် ၅ နာရီခန့်မှာ ငါးထပ် တိုက်ပေါ်က ကျပြီး သေဆုံးခဲ့ပါတယ်။ ရုပ်ကလာပ်ကို ထိန်ပင်သုသာန်မှာ မနက်ဖြန် သင်္ဂြိုလ်မှာ ဖြစ်တယ်လို့ မနန်းဝိုးဖန်ရဲ့ မိတ်ဆွေ ရှေ့နေ ဒေါ်အိအိအောင် က ပြောပါတယ်။

ဇနီးသည်ဆုံးပါးပြီးတဲ့နောက် ရန်ကုန်ကို ရောက်ရှိခဲ့တဲ့ ခင်ပွန်းသည် ဂျပန်နိုင်ငံသား နာမာဆေ မို တိုဟီတိုက သူ့ဇနီးသေဆုံးမှုဟာ ဥပဒေနဲ့မညီ ညှဉ်းပန်း စစ်ဆေးခံရမှုကို မခံနိုင်တာ ကြောင့် သတ်သေတယ်လို့ ယူဆပြောဆိုပြီး တာဝန်ခံ စစ်ဆေးသူကို  ဥပဒေကြောင်း အရ ရင်ဆိုင်မယ်လို့ ပြောပါတယ်။

“ကျနော် တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ရှမ်း နိုင်ငံရေးသမားတွေ က တဆင့် ကျနော့်ဇနီးအတွက် (စစစ)ရုံးက တာဝန်ခံကို စွဲမှာပါ၊ ကျနော့်ဇနီးက ရှမ်းပြည်နယ် က ဖြစ်တဲ့အတွက် ရှမ်းပြည်နယ် နိုင်ငံရေးသမားတွေ ကို မေတ္တာ ရပ်ခံ မှာ ဖြစ်ပါတယ်။ ကျနော့်ဇနီးကို တရားမ၀င် စစ်ဆေးတဲ့ အရာရှိကို တရားစွဲမှာပါ” လို့   ပြောသွားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကတော့  မတော်တဆဖြစ်ပြီး သေဆုံးတာလို့ ယူဆပြီး  စုံစမ်း စစ်ဆေးရေး ခုံရုံးတရပ် ဖွဲ့စည်း ဆောင်ရွက်သွားမယ် လို့ ပြောပါတယ်။

ရန်ကုန်တိုင်း လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း ပြောဆိုချက်မှာ မနန်းဝိုးဖန်ဟာ ဦးအိုက်ခမ်းနဲ့ ဒေါ်ပေါ်လီတို့ရဲ့ ငါးယောက်မြောက် အငယ်ဆုံး သမီးဖြစ်ပြီး ဂျပန် အမျိုးသားနဲ့ တာချီလိတ် တာလော့ဈေးမှာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က တွေ့ဆုံပြီး ရှမ်းရိုးရာနဲ့ အညီ အိမ်ထောင်ပြုခဲ့တာလို့ ပြောပါတယ်။ သားသမီး မထွန်းကားပေမယ့် နန်းဝိုးဖန် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ကျန်ရစ်သူ မိသားစုကို ပေးမယ်လို့ သားမက်က ပြောတယ်လို့ ဆိုပါတယ်။

စသုံးလုံးတိုက်ပေါ်မှာ အတူတကွ ခေါ်ယူစစ်ဆေးခံရပြီး တယောက်နဲ့ တယောက် စကားပြောခွင့် မရခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အိအိအောင်က ဒီအမှုမှာ တရားမျှတတဲ့ အထိ ကူညီဆောင်ရွက်မယ် လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013