Homeသတင်းဓာတ်ပုံ
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း ပြင်ဦးလွင်မြို့ခံများ ဆန္ဒထုတ်ဖော်(ဓာတ်ပုံ)
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း ပြင်ဦးလွင်မြို့ခံများ ဆန္ဒထုတ်ဖော်(ဓာတ်ပုံ)
DVB
·
October 9, 2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့က ပြည်သူလူထုက ထောက်ခံပွဲကို အောက်တိုဘာလ ၉ ရက် မနက်က လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ ပြုလုပ်သွားပါတယ်။
ဒီထောက်ခံပွဲမှာ ဒေသခံ တိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေ ကိုင်စွဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရအပေါ် ပြည်ပနိုင်ငံတွေက အပြင်းအထန် ဝေဖန်နေချိန်မှာ ပြည်တွင်းက ပြည်သူလူထုတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ နိုင်ငံတဝန်းက မြို့အသီးသီးမှာ ထောက်ခံပွဲတွေ ကျင်းပလာနေတာ ဖြစ်ပါတယ်။