Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းပြီး မုန်ုတိုင်းငယ်အဖြစ်ရောက်ရှိ
DVB
·
October 9, 2017
22366690_889966221158457_1068167140361562991_n
22366690_889966221158457_1068167140361562991_n
  ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီလို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ မြန်မာစံတော်ချိန် မနက် ၁၀:၀၀ နာရီအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် အနောက် ဘင်္ဂလားကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ၊ မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတော့ မုတ်သုံလေ အားနည်းနေတယ်လို့ ခန့်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024