မန်ယူကွင်းလယ်လူ ဖယ်လိုင်နီ ဒူးဒဏ်ရာကြောင့် လီဗာပူးနှင့်ပွဲကို လွဲချော်မည်

ဓာတ်ပုံ - Fehim Demir/EPA
မန်ချက်စတာယူနိုက်အသင်း ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒူးဒဏ်ရာရသွားလို့ လီဗာပူးနဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဘော့စနီးယားဟာဇီဂိုးဗီးနား အသင်းကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ ဖယ်လိုင်နီဟာ ဒဏ်ရာကြောင့် သီတင်းနှစ်ပတ်လောက် နားရနိုင်တယ်လို့ သတင်းတွေမှာ ခန့်မှန်းထားပါတယ်။ မန်ယူအသင်းဟာ လီဗာပူးအသင်းနဲ့ လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့မှာ အဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာပါ။ ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ လီဗာပူးနဲ့ပွဲရော ဘန်ဖီကာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ပါ လွဲချော်မှာပါ။ သူဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းပြ ကစားနေပြီး ၄ ဂိုး သွင်းယူထားပါတယ်။

More News
Up