Home
မြန်မာသတင်း
ညောင်လေးပင်မြို့တွင် တရားမ၀င် ကျွန်းပရိဘောဂများ ဖမ်းဆီးရမိ
DVB
·
October 9, 2017
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ အောက်တိုဘာ ၈ ရက်နေ့က ၁၂ ဘီးယာဉ် ၁ စီးပေါ်ကနေ ကျွန်းနဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်သစ်တောဦးစီးမှူးက ပြောပါတယ်။ ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် (၉၉/၆) အနီးမှာ မြို့နယ် သစ်တောနဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ မန္တလေးဘက်မှ ရန်ကုန်ဘက် နေဇာထွန်း မောင်းနှင်ပြီး ၀င်းထွန်းနဲ့ ဇော်မင်းတို့ လိုက်ပါလာတဲ့ ၁၂ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ကျွန်းနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ မြို့နယ်သစ်တောဦးစီးမှူး ဦးတင်စိုးက “ကျနော်တို့သတင်းအရ စောင့်ဆိုင်စစ်ဆေးနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာပါ။ ကျွန်းနဲ့ ပြုလုပ်ထားတဲ့ ကနုက်ပန်း-ပန်းထွင်း-ပန်းဖောက် စတဲ့ ပရိဘောဂပစ္စည်းမျိုးတွေပါ။ ကျနော်တို့ သစ်တောဥပဒေနဲ့အညီ အရေးယူမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ စစ်ဆေးတိုင်းတာချက်အရ ကျွန်းနဲ့ပြုလုပ်ထားတဲ့ ကနုတ်ပန်း-ပန်းထွင်း- ပန်းဖောက် ပရိဘောဂပစ္စည်းမျိုးစုံ စုစုပေါင်း ၂၇၂ ခု ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ တရားမ၀င် ကျွန်းပရိဘောပစ္စည်းတွေ တင်ဆောင်လာသူ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့  ၃  ဦးကို ညောင်လေးပင်မြို့ သစ်တောဦးစီးမှူးက သစ်တောဥပဒေပုဒ်မ ၄၃ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024