ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက် အဆုံးသတ်ခဲ့ရသည့် စကော့တလန် (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ဥရောပဇုန် အုပ်စု အက်ဖ် နောက်ဆုံးပွဲစဉ်မှာ စကော့တလန်က ဆလိုဗေးနီးယားနဲ့ ၂ ဂိုးစီ သရေကျသွားလို့ ခြေစစ်ပွဲမအောင်ဘဲ ဖြစ်ခဲ့ရပါတယ်။ စကော့တလန်အသင်းဟာ ၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ရေး မျှော်လင့်ချက်တွေလည်း အဆုံးသတ်သွားပါတယ်။ ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ၃၂ မိနစ်မှာ စကော့တလန်ဘက်က စတင်သွင်းယူနိုင်ခဲ့တာပါ။ ဆလိုဗေးနီးယားအတွက် ချေပဂိုးကို ၅၂ မိနစ်၊ ဒုတိယ ဦးဆောင်ဂိုးကို ၇၂ မိနစ်မှာ ပြန်လည် သွင်းယူပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဆလိုဗေးနီးယားက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ စကော့တလန်အတွက် ဒုတိယချေပဂိုးကိုတော့ ၈၈ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲသရေကျလို့ စကော့တလန်တို့ အုပ်စုတွင်းမှာ ၁၈ မှတ်ရပြီး အုပ်စုဒုတိယနေရာက ဆလိုဗက်ကီးယားနဲ့ အမှတ်ချင်း တူညီခဲ့ပါတယ်။ ဒါပေမယ့်လည်း စကော့တလန်က သွင်းဂိုး ကွာခြားချက်ကြောင့် အုပ်စုတတိယပဲရပြီး ခြေစစ်ပွဲ မအောင်မြင်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up