Home
မြန်မာသတင်း
ကမာရွတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်ပြည်သူများ တွေ့ဆုံ
ဆုဆုသွယ်
·
October 8, 2017
  ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်မှာရှိတဲ့ ရပ်ကွက်နေပြည်သူတွေရဲ့ ကြုံတွေ့ နေရတဲ့အခက်အခဲတွေ လိုအပ်ချက်တွေကိုဖြေရှင်း ဆောင်ရွက်ပေးနိုင်ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူတွေနဲ့ ရပ်ကွက်နေပြည်သူတွေ  တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံပွဲကို ကမာရွတ်မြို့နယ်မှာရှိတဲ့ အ.မ.က (၂) ကမာရွတ်ကျောင်းမှာ အောက်တိုဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ တွေ့ဆုံပွဲမှာ ရပ်ကွက်နေပြည်သူတွေရဲ့တင်ပြ မေးမြန်းချက်တွေအပေါ် ချက်ချင်း ဆောင်ရွက်နိုင်တဲ့လုပ်ငန်းတွေကို ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းကာချက်ချင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး၊ ဖြေရှင်းရန်ခက်ခဲတဲ့ကိစ္စရပ်တွေကိုတော့ တိုင်းဒေသကြီးလွှတ်တော်ရဲ့ ရေးရာကော်မတီ တွေထံ တင်ပြမှာဖြစ်သလို လွှတ်တော်မှာလည်း မေးခွန်းမေးမြန်းမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲကို အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မီးသတ်၊ ပညာရေး၊ ကြက်ခြေနီ၊ လဝက၊ ကျန်းမာရေး၊ စည်ပင်၊ ရဲတပ်ဖွဲ့၊ ပြန်ဆက်မှ တာဝန်ရှိသူတွေနဲ့ ရပ်ကွက်နေပြည်သူ ၂၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။ ကမာရွတ်မြို့နယ်အနေနဲ့ အရင်က ရပ်ကွက်အလိုက် တွေ့ဆုံပွဲတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒီကနေ့ တွေ့ဆုံပွဲကတော့ တမြို့နယ်လုံးစုပေါင်းကာ ပထမအကြိမ်တွေ့ဆုံတာဖြစ်ပါတယ်။ ကမာရွတ်မြို့နယ်မှာတော့ ရပ်ကွက် (၁၀) ရပ်ကွက်ရှိတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ- ဆုဆုသွယ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024