ဆီး​နိတ်အမတ် ဂျင်ဝက်ဘ် မြန်မာပြည် ထပ်သွား​မည်

အ​မေရိကန် နိုင်ငံ​ရေး​လောကမှာ ဩဇာကြီး​တဲ့​ အထက်လွှတ်​တော် ဆီး​နိတ် အမတ် မစ္စတာ ဂျင်ဝက်ဘ်ဟာ မြန်မာပြည်ကို မကြာခင်ရက်ပိုင်း​မှာ လာ​ရောက်ဖို့​ ရှိပါတယ်။ [caption id="attachment_23274" align="alignright" width="246" caption="မစ္စတာ ဂျင်ဝက်ဘ်"][/caption] တနင်္ဂ​နွေမှာ စတင်မယ့်​ သူ့​ရဲ့​ ၁၂ ရက်ကြာ အာရှခရီး​မှာ မြန်မာပြည်ကိုလည်း​ လာ​ရောက်ဖို့​ ရှိတဲ့​ အကြောင်း​ကို မစ္စတာဂျင်ဝက်ဘ်ရဲ့​ ရုံး​က ​ကြေညာလိုက်တာပါ။ အ​မေရိကန် အစိုး​ရရဲ့​ အ​ရှေ့​အာရှနဲ့​ ပစိဖိတ်​ရေး​ရာ ​ကော်မတီရဲ့​ ဥက္ကဋ္ဌ မစ္စတာ ဂျင်ဝက်ဘ်ဟာ အ​မေရိကန်ရဲ့​ မြန်မာပြည်ဆိုင်ရာမူဝါဒကို အ​ပြောင်း​အလဲ ဖြစ်​အောင် အဓိက တွန်း​အား​ပေး​ခဲ့​သူ အဖြစ် လူသိများ​ပါတယ်။ အထူး​သဖြင့်​ အာရှနဲ့​ ပစိဖိတ်​ဒေသမှာ တရုတ်ဩဇာကြီး​မား​လာတာကို ထိန်း​ချုပ်နိုင်ဖို့​ အ​မေရိကန် အစိုး​ရအ​နေနဲ့​ မြန်မာပြည်နဲ့​လည်း​ ဆက်ဆံ​ရေး​ ပြန်လည် ထူ​ထောင်သင့်​တယ်လို့​ အကြံ​ပေး​ခဲ့​သူ ဖြစ်ပါတယ်။ မစ္စတာ ဂျင်ဝက်ဘ်ဟာ ၂၀၀၉ ခုနှစ်တုန်း​ကလည်း​ မြန်မာပြည်ကို ပထမဆုံး​ အကြိမ် သွား​ရောက်ခဲ့​ပြီး​၊​ အဲဒီအချိန်က နအဖ အစိုး​ရအဖွဲ့​ အကြီး​အကဲ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေနဲ့​ရော ​နေအိမ်အကျယ်ချုပ် ကျခံ​နေရတဲ့​ မြန်မာ့​ဒီမိုက​ရေစီ ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ပါ ​တွေ့ဆုံ ​ဆွေး​နွေး​ခဲ့​ဖူး​ပါတယ်။ လက်ရှိ အ​မေရိကန် အဆင့်​မြင့်​အရာရှိ​တွေထဲမှာ​တော့​ သူဟာ မြန်မာပြည်ကို အ​စောဆုံး​ ​ရောက်ခဲ့​သူပါ။ ကမ္ဘာမှာ အဆိုး​ဆုံး​ အာဏာရှင် တ​ယောက်အဖြစ် သတ်မှတ်ခံထား​ရတဲ့​ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေနဲ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​သူပါ။ ဗာဂျီး​နီး​ယား​ပြည်နယ် ဒီမိုကရက်အမတ် ဂျင်ဝက်ဘ်ဟာ သူ့​ရဲ့​ အာရှခရီး​စဉ်မှာ ထိုင်း​နဲ့​ ဂျပန်နိုင်ငံ တိုကျိုမြို့​နဲ့​ အိုကီနာဝါကျွန်း​တို့​ကိုလည်း​ သွား​ရောက် လည်ပတ်မယ်လို့​ သိရပါတယ်။

More News
Up