မဲဆောက်တွင် မြန်မာအမျိုးသား ၂ ဦးအား စိတ်ကြွဆေးများနှင့် ဖမ်းမိ
DVB
·
October 8, 2017
ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ နယ်စပ်ရွာတရွာမှာ မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ၇ ၀၀၀ နဲ့ မြန်မာအမျိုးသား ၂ ဦးကို အောက်တိုဘာ ၈ ရက်နေ့မှာ စစ်တပ်နဲ့ ရဲပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
အမျိုးသား ၂ ဦးရဲ့ အမည်က Miu Naign နဲ့ A Win တို့ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ နယ်စပ်မြို့ မြဝတီကနေ ထိုင်းနိုင်ငံထဲကို မြန်မာအမျိုးသား ၂ ဦး မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာမယ်လို့ အာဏာပိုင်တွေ သတင်းရရှိပြီးနောက် အခုလို ဖမ်းဆီးမိတယ်လို့ သိရပါတယ်။
ဖမ်းဆီးမိတဲ့ လိမ္မော်ရောင် မက်သာအဖက်တမင်း ဆေးပြားတွေမှာ WY ဆိုတဲ့ စာ ရိုက်နှိပ်ထားတယ်လို့ ဆိုပါတယ်။