နိတ်မုန်တိုင်း အမေရိကန် ကုန်းတွင်းပိုင်းကို ၀င်ရောက်

ဟာရီကိန်းမုန်တိုင်း နိတ်ဟာ အမေရိကန်နိုင်ငံ မစ္စစ်စပီမြစ်ဝကနေ အောက်တိုဘာ ၇ ရက်နေ့က ကုန်းတွင်းကို ဝင်ရောက်ခဲ့ပါတယ်။ ၁ နာရီကို လေတိုက်နှုန်း ၈၅ မိုင်နဲ့ အဆင့်တစ် ဟာရီကိန်းမုန်တိုင်းအဖြစ် ဝင်ရောက်ခဲ့တာပါ။ ဒါကြောင့် အလာဘားမား မစ္စစ်စပီနဲ့ လူဝီစီယားနား ပြည်နယ်တွေရဲ့ အစိတ်အပိုင်း တွေမှာ မိုးကြီးပြီး ရေလွှမ်းမယ့်ဘေးကို ရင်ဆိုင်နေရပါတယ်။ နိတ်မုန်တိုင်းဟာ ၂ လအတွင်း အမေရိကန်ကို ဝင်ရောက်တဲ့ စတုတ္ထမြောက် အကြီးစား မုန်တိုင်းပါ။ ဒီမုန်တိုင်းကြောင့် အလယ်အမေရိကနိုင်ငံတွေမှာ လူအနည်းဆုံး အယောက် ၃၀ သေ ဆုံးခဲ့ပါတယ်။ အဲဒီနောက် မက္ကဆီကို ပင်လယ်ကွေ့ကို ဖြတ်သန်းပြီး အမေရိကန်နိုင်ငံ တောင်ပိုင်းကို ဝင် ရောက် တိုက်ခတ်ခဲ့တာပါ။ ပင်လယ်ကွေ့ထဲက ရေနံနဲ့ ဓာတ်ငွေ့ထုတ်လုပ်မှု အများစုကို ပိတ်ထားခဲ့ရပါတယ်။ မိုးလေဝသ ပညာရှင်တွေ သုံးတဲ့ အဆင့်ငါးဆင့် သတ်မှတ်ချက်ထဲမှာ အဆင့်တစ်က အားအနည်းဆုံးပါ။ ဒါကြောင့် နိတ်ဟာရီကိန်းဟာ သူ့ရှေ့က တိုက်ခတ်သွားတဲ့ မုန်တိုင်း ၃ ခုလောက် အဖျက်အင်အား မရှိလှပါဘူး။ နယူးအော်လင်း ပြည်နယ်အတွက် မုန်တိုင်းအန္တရာယ် သတိပေးချက်ကို အပူပိုင်းမုန်တိုင်းအဆင့်အဖြစ် အမျိုးသား ဟာရီကိန်းဌာနက အဆင့်နှိမ့် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် နိတ်မုန်တိုင်းဟာ အားပြန်ကောင်းလာနိုင်ပြီး နိုင်ငံအရှေ့ပိုင်းကို ရွေ့လျားရင်း မစ္စစ်စပီ ကမ်းရိုးတန်း တလျှောက် ဒုတိယအကြိမ် ကုန်းတွင်းကို ဝင်ရောက် တိုက်ခတ် နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up