အကြမ်းဖက်သတ်ဖြတ်ခံရသူများအတွက် ဟိန္ဒူမိသားစုဝင်များ ဆုတောင်းအမျှဝေ

ARSA အကြမ်းဖက်အဖွဲ့တွေရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ဟိန္ဒူမိသားစုဝင်တွေ၊ ကျန်ရှိရစ်တဲ့ မိသားစုဝင်တွေက ဟိန္ဒူဘာသာအရ ဆုတောင်းအမျှဝေခြင်းကို စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က ဟိန္ဒူဘုရားကျောင်းမှာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဟိန္ဒူဘာသာအရ ဆုတောင်းခြင်းကိုလည်း စစ်တွေပင်လယ်ကမ်းစပ်မှာ ရည်စူးပြီး ရေမျှောခြင်းကို ပြုလုပ်ခဲ့ကြပါတယ်။ သေဆုံးသွားသူတွေကိုရည်စူးပြီး ဆုတောင်းအမျှဝေတာတွေ၊ လှူဒါန်းရေစက်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up