Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသည့်ပွဲ ပုသိမ်တွင် ပြုလုပ်
သော်ဇင်မျိုး
·
October 8, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့ပွဲကို ဒီကနေ့ မနက် ၁၀ နာရီက ပုသိမ်မြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီထောက်ခံပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် အပါအဝင် အစိုးရ အဖွဲ့ဝင်ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းအတွင်းမြို့နယ်အသီးသီးက ပြည်သူ တွေ လာရောက်အားပေးထောက်ခံခဲ့ကြပါတယ်။ ပုသိမ်မြို့မှာတော့ စုရပ်ငါးခုကနေ ပုသိမ်မြို့တော်ခန်းမကို ချီတက်ထောက်ခံခဲ့ကြပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ပဋိပက္ခအကြမ်းဖက် ပြဿနာတွေအပေါ် တရားမျှတစွာဖြေရှင်းဆောင်ရွက်တာနဲ့ စွမ်းဆောင်နိုင်မှုအားလုံးကို ယုံကြည်တာကြောင့် ဒီထောက်ခံပွဲကို စီစဉ်တာလို့ဆိုပါတယ်။ ထောက်ခံပွဲမှာ ပန်းရဲ့လမ်းအဖွဲ့က တေးသီးတွေနဲ့သီဆိုဖျော်ဖြေခဲ့ပြီး ၈၈ ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ၊ စာရေးဆရာ ဦးထင်လင်းဦး၊ ကဗျာဆရာဦးတိုးဝေတို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံရတဲ့အကြောင်းတွေ ဟောပြောခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024