ကမ္ဘာ့ဖလားခြေစစ်ပွဲ ဘူဂေးရီးယား ၀-၁ ပြင်သစ် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ရဲ့ အုပ်စု (A) ပွဲစဉ်မှာ ပြင်သစ်က အဝေးကွင်းမှာ တလုံးတည်းသော ဂိုးနဲ့ ဘူဂေးရီးယားကို အနိုင်ယူပြီး တိုက်ရိုက် ခြေစစ်ပွဲအောင်ဖို့ နီးစပ်သွားပါတယ်။ ပြင်သစ်အတွက် အနိုင်ဂိုးကို ပွဲအစ ၃ မိနစ်မှာ ကွင်းလယ်သမား မာတွီဒီက သွင်းယူပါတယ်။ ဒီပွဲမှာ ဘူဂေးရီးယားအသင်းက ပြင်သစ်ဘက်ကို အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ပြင်သစ် ကွင်းလယ်သမား ကန်တီ ဒီပွဲမှာ တကောက်ကြော ဒဏ်ရာရသွားခဲ့ပါတယ်။ ဒီပွဲနိုင်လို့ ပြင်သစ်က အုပ်စု (A) မှာ အမှတ် ၂၀ ရပြီး ဆွီဒင်က ၁၉ မှတ်နဲ့ ဒုတိယနေရာ၊ နယ်သာလန်က ၁၆ မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ပြင်သစ်က အိမ်ကွင်းမှာ ဘီလာရုပ်ကို အနိုင်ရရင် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up