ကမ္ဘာ့ဖလားခြေစစ်ပွဲ ပေါ်တူဂီ ၂-၀ အင်ဒိုရာ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်ရဲ့ အုပ်စု (B) ပွဲစဉ်မှာ ပေါ်တူဂီက အန်ဒိုရာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်လို့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်တွေ ရှင်သန်သွားပါတယ်။ ပေါ်တူဂီအသင်းက အဝေးကွင်းမှာ ပထမပိုင်းကစားချိန်အတွင်း ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ တိုက်စစ်မှူး ရောနယ်ဒို လူစားဝင်လာပြီး ဦးဆောင်ဂိုးကို ၆၃ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ ပေါ်တူဂီကပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှု အကြိမ် ၂၀ အထိ ရခဲ့ပါတယ်။ အန်ဒိုရာအသင်းက ဂိုးပေါက် ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ပေါ်တူဂီအတွက် ဒုတိယဂိုးကို ပွဲပြီးကာနီး ၈၆ မိနစ်မှာ ဆေးဗားက သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ အုပ်စု (B) မှာ ပေါ်တူဂီက ၂၄ မှတ်နဲ့ ဇယားထိပ်ကက ဆွစ်ဇာလန်ရဲ့နောက် ၃ မှတ်အကွာမှာ ရှိနေပါတယ်။ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီက အိမ်ကွင်းမှာ ဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ အနိုင်ရရင် သွင်းဂိုး အားသာချက် ရှိတာကြောင့် တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

More News
Up