DVB Logo
Home
မြန်မာသတင်း
အမျိုး​သား​ လူ့အခွင့်​အ​ရေး​ ​ကော်မရှင် ဆက်ရှိမည်
DVB
·
March 28, 2012
Donate to DVB

မြန်မာနိုင်ငံသူနိုင်ငံသား​တွေရဲ့​ လူ့​အခွင့်​အ​ရေး​မြှင့်​တင်​ရေး​နဲ့​ ကာကွယ်​ရေး​အတွက် ​ရေရှည် ​ဆောင်ရွက်သွား​မယ်လို့​ မြန်မာနိုင်ငံ အမျိုး​သား​လူ့အခွင့်​အ​ရေး​ ​ကော်မရှင်က ​ပြောကြား​လိုက်ပါတယ်။

ဒီ​နေ့​ ရန်ကုန်မှာ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ကော်မရှင်ဥက္ကဋ္ဌ ဦး​ဝင်း​မြ၊​ ဒု-ဥက္ကဋ္ဌ ဦး​ကျော်တင့်​ဆွေနဲ့​ အတွင်း​ရေး​မှူး​ ဦး​စစ်မြိုင်တို့​ တက်​ရောက်ပြီး​ ရှင်း​လင်း​ ​ပြောကြား​တာပါ။

လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်ခံထား​ရတာ​တွေကို ​ကော်မရှင်ထံ လာ​ရောက် တိုင်တန်း​မှသာ ​ဆောင်ရွက်နိုင်မှာဖြစ်ပြီး​ ​ကော်မရှင်ဟာ ပြဿနာ​တွေကို ​ဖြေရှင်ဆုံး​ဖြတ်တဲ့​ အဖွဲ့​အစည်း​မဟုတ်ဘဲ ညှိနှိုင်း​ဆောင်ရွက်တဲ့​အဖွဲ့​ ဖြစ်တယ်လို့​လည်း​ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ပြောကြား​ခဲ့​ပါတယ်။

အဲဒီသတင်း​စာရှင်း​လင်း​ပွဲမှာ သွား​ရောက် သတင်း​ယူတဲ့​ ရန်ကုန်အ​ခြေစိုက် YPI သတင်း​ဌာနမှ သတင်း​ထောက် ကို​ကျော်စိုး​လင်း​က “ခုလတ်တ​လော စသုံး​လုံး​နဲ့​ ဖြစ်​နေတဲ့​အမှု ကိစ္စလိုမျိုး​ဆိုရင် သူတို့​ကိုလာတိုင်မှရမယ်။ မတိုင်တဲ့​ကိစ္စ လုပ်မ​ပေး​နိုင်ဘူး​ပေါ့​။ အဲသလိုမျိုး​တော့​ ​ပြောတယ်။ တိုင်တာ​တောင်မှ သူတို့​မှာ အ​ရေး​ယူပိုင်ခွင့်​ မရှိဘူး​ပေါ့​။ ညှိနှိုင်း​ဆောင် ရွက်​ပေး​ရတဲ့​အဖွဲ့​၊​ အကြံ​ပေး​တဲ့​အဖွဲ့​ပေါ့​။ အဲဒါကို သမ္မတဆီတင်တယ်၊​ သမ္မတက​နေပြီး​တော့​ ဝန်ကြီး​ဌာ​ပေါ့​။ ဝန်ကြီး​က​နေ ပြန်​ဖြေရှင်း​ပေါ့​။ ​ဖြေရှင်း​ပေး​သည်ဖြစ်​စေ မ​ပေး​သည်ဖြစ်​စေ အ​ကြောင်း​ပြန်လာမယ်၊​ ကျန်တဲ့​ အကျိုး​ဆက်​တွေ သူတို့​နဲ့​ မဆိုင်တဲ့​ပုံစံမျိုး​ ​ပြောသွား​တယ်။”

၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်​နေ့​မှာ ကျင်း​ပတဲ့​ ပြည်​ထောင်စုလွှတ်​တော် အစည်း​ဝေး​က​နေ မြန်မာနိုင်ငံ အမျိုး​သား​လူ့အခွင့်​ရေး​ကော်မရှင် ဖွဲ့​စည်း​တာဟာ အ​ခြေခံဥပ​ဒေ၊​ တည်ဆဲဥပ​ဒေများ​နဲ့​ ညီညွှတ်ခြင်း​ မရှိ​ကြောင်း​ သ​ဘောထား​ မှတ်ချက် တင်ပြလာတဲ့​အတွက် ပြည်​ထောင်စု လွှတ်​တော်နယက အ​နေနဲ့​ မြန်မာနိုင်ငံ အမျိုး​သား​လူအခွင့်​အ​ရေး​ ​ကော်မရှင်ကို ဗဟိုအဖွဲ့​ အစည်း​တွင် ထည့်​ထား​ခြင်း​နဲ့​ ရသုံး​မှန်း​ခြေ ​ငွေစာရင်း​တွင် အသုံး​စရိတ်ထည့်​ထား​တာကို ပယ်ဖျက်တယ်လို့​ ဆုံး​ဖြတ်ထား​ပါတယ်။

မြန်မာနိုင်ငံအမျိုး​သား​ လူ့အခွင့်​အ​ရေး​ကော်မရှင်ကို ၂၀၁၁ ခုနှစ်မှာ ဖွဲ့​စည်း​ခဲ့​တာဖြစ်ပြီး​ နိုင်ငံ​တော် သမ္မတရုံး​စရိတ်နဲ့​ သုံး​စွဲ​နေတယ်လို့​ သိရပြီး​ ဘယ်​လောက် သုံး​စွဲတယ်ဆိုတာ​တော့​ ​ပြောဆိုခဲ့​ခြင်း​မရှိပါ။ ၂၀၁၁ ခုနှစ်မှာ ​ကော်မရှင်ကို တိုင်တန်တဲ့​အမှု​ပေါင်း​ ၁၀၃၇ မှုနဲ့​ ၂၀၁၂ ခုနှစ်မှာ ၉၈၃ မှု ရှိ​နေတယ်လို့​ သိရပါတယ်။

အမျိုး​သား​လူအခွင့်​အ​ရေး​ ​ကော်မရှင်အ​နေနဲ့​ ဥပ​ဒေမူကြမ်း​ ​ရေး​ဆွဲ​နေပြီး​တော့​ မကြာခင်မှာ ပြည်​ထောင်စုလွှတ်​တောကို တင်သွင်း​မယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အမျိုး​သား​ လူ့အခွင့်​အ​ရေး​ ​ကော်မရှင် ဆက်ရှိမည်