မန္တလေးတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့်ပွဲ ပြုလုပ်
DVB
·
October 7, 2017
မန္တလေးမြို့ ၆၂လမ်း မနော်ရမ္မံ ပြည်သူ့ဟစ်တိုင်ကွင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို အောက်တိုဘာ ၇ ရက်နေ့က ပြုလုပ်နေပါတယ်။
စိန်ဒူးဝါးဆိုင်းအဖွဲ့နဲ့အတူ မန္တလေးမြို့ ပြည်သူတွေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအဖွဲ့စည်းပေါင်းစုံ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ကျောင်းသားလူငယ်တွေနဲ့ စာပေအနုပညာရှင်နဲ့ တခဲနက်တက်ရောက် ထောက်ခံအားပေးခဲ့ကြပါတယ်။
သတင်းဓာတ်ပုံ-အောင်အောင်