ကိုလံဘီယာ ရဲနှင့်ကိုကာစိုက်တောင်သူများ တိုက်ခိုက်ဖြစ်မှု၊ အနည်းဆုံး ၆ ဦး သေဆုံး

ကိုလံဘီယာနိုင်ငံမှာ အောက်တိုဘာ ၆ ရက်က ကိုကာစိုက်ခင်းတွေကို ရှင်းလင်းတဲ့ ရဲနဲ့ စိုက်ခင်းတောင်သူတွေကြား တိုက်ခိုက်မှုဖြစ်ပွားရာ တောင်သူ ၆ ဦးထက်မနည်း သေဆုံးသွားပြီး ၁၉ ဦး ဒဏ်ရာရရှိသွားတယ်လို့ ကိုလံဘီယာသမ္မတ ဟွမ်မန်နူရယ်ဆန်းတိုးစ်က ပြောကြားပါတယ်။ ကိုကာစိုက်တောင်သူတွေဟာ ဖား (FARC) သူပုန်ဟောင်းတွေဖြစ်ပြီး စိုက်ခင်းလာရောက်ရှင်းလင်းတဲ့ ရဲတပ်ဖွဲ့ကို လက်နက်နဲ့ပြန်လည်တိုက်ခိုက်တာကြောင့် ကိုကာစိုက်သူတွေကို ထိမှန်သေဆုံးတာဖြစ်တယ်လို့ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ ဒါပေမယ့် ဒေသတွင်း တောင်သူလယ်သမားအဖွဲ့က ပြောကြားရာမှာ ရဲနဲ့စစ်တပ်ဟာ ကိုကာစိုက်ခင်းရှင်းလင်းတာကို ဆန္ဒပြသူအရပ်သားတွေကို ပစ်ခတ်တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ ဖားသူပုန်တပ်ဖွဲ့ဟာ မနှစ်ကအစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုထားတာဖြစ်ပါတယ်။ သူပုန်တပ်ဖွဲ့ဟောင်းအများစုကတော့ လက်နက်ဖြုတ်သိမ်းပြီးဖြစ်ပေမယ့် တချို့ သူပုန်တပ်ဖွဲ့ဝင်ဟောင်းတွေဟာ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်း၊ တရားမဝင် သံ၊ သတ္တု တူးဖော်ရေးလုပ်ငန်တွေမှာ ပါဝင်ပတ်သက်နေဆဲ ဖြစ်ပါတယ်။ ကိုကာဟာ ကိုကင်းမူးယစ်ဆေးထုတ်လုပ်ရာမှာ ထည့်သွင်းအသုံးပြုတဲ့ သီးနှံတစ်မျိုးလည်းဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up