တိုင်း​ရင်း​သား​ဝန်ကြီး​တွေ အ​ဆောင်အ​ယောင်ရပြီ လုပ်ပိုင်ခွင့်​အတွက် ဆက်တင်မည်

တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​တွေဟာ ကျန်တိုင်း​နဲ့​ပြည်နယ်က ဝန်ကြီး​တွေနည်း​တူ အဆောင်အယာင်​ ပေး​ရမယ်လို့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေဆိုင်ရာခုံရုံး​က ဒီက​နေ့​ ထပ်မံဆုံး​ဖြတ် လိုက်ပါတယ်။ ​နေပြည်​တော်မှာ ခုံရုံး​အဆုံး​အဖြတ်သွား​ရောက်ခံယူတဲ့​ ရန်ကုန်တိုင်း​ဒေသကြီး​က တိုင်း​ရင်း​သား​ ​ရေး​ ရာဝန်ကြီး​ ဦး​ဇော်​အေး​မောင်က “ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေခုံရုံး​က တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​ ​တွေဟာ တိုင်း​နဲ့​ပြည်နယ် ဝန်ကြီး​တွေနဲ့​ အတူတူပဲ။ အဲ့​လို ဆုံး​ဖြတ်တဲ့​အတွက်အ​ဆောင် အ ​ယောင်ကိုလည်း​ တိုင်း​နဲ့​ပြည်နယ် ဝန်ကြီး​တွေနဲ့​ အတူတူ​ပေး​ရမယ်လို့​ ဆုံး​ဖြတ်ပါတယ်” လို့​ ​ပြောပါတယ်။ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​တွေ အ​ဆောင်အ​ယောင်ရဖို့​ မနှစ်ဒီဇင်ဘာမှာ အဲဒီခုံရုံး​မှာ တကြိမ်ဆုံး​ဖြတ်ပြီး​ဖြစ်​ပေမယ့်​ ပြန်လည်သုံး​သပ်ဖို့​ သမ္မတက ခုံရုံး​ထံ ပြန်လည်တင်ပြခဲ့​တဲ့​အတွက် ပြန်စစ်​ဆေး​ပြီး​ သမ္မတရဲ့​တင်ပြချက်ကို ပယ်ချလိုက်တာပါ၊​ ဒီဆုံး​ဖြတ်ချက်ဟာ ခုံသမာဓိ အဖွဲ့​ဝင် ၉ ဦး​စလုံး​ရဲ့​ စုံညီခုံရုံး​က ဆုံး​ဖြတ်တာ ဖြစ်တာ​ကြောင့်​ ​နောက် ထပ်သုံး​သပ်ဖို့​ မရှိ​တော့​ဘူး​လို့​ ဆုံး​ဖြတ်ချက်မှာ ပါပါတယ်။ ဒီကိစ္စရဲ့​ အစပြုချက်က​တော့​ ၂၀၁၀ ​ရွေး​ကောက်ပွဲအပြီး​ ပြည်​ထောင်စု အစိုး​ရအပြင် တိုင်း​နဲ့​ပြည် နယ်​တွေမှာလည်း​ အစိုး​ရ ဖွဲ့​စည်း​တဲ့​အခါ တိုင်း​နဲ့​ပြည်နယ် ​တွေမှာ​တော့​ တိုင်း​ရင်း​ သား​ဝန်ကြီး​တွေဟာ ကျန်တဲ့​ ဝန်ကြီး​တွေလို အ​ဆောင်အ​ယောင်နဲ့​ တာဝန်အရ တန်း​တူမရှိဘဲ ခွဲခြား​ဆက်ဆံ ခံရပါတယ်။ တနိုင်ငံလုံး​မှာ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​ ၂၉ ဦး​ရှိပြီး​ သူတို့​ဟာ ကျန်ပြည်နယ်ဝန်ကြီး​က လစာ ၄ သိန်း​ခွဲမှာ သူတို့​က ၃ သိန်း​ခွဲ။ ကျန်ပြည်နယ် တိုင်း​ဝန်ကြီး​က ကား​နှစ်စီး​မှာ သူတို့​က တစီး​ရကြပါတယ်။ ပြည်နယ်တိုင်း​ဝန်ကြီး​က ကိုယ်​ရေး​အရာရှိ၊​ တယ်လီဖုန်း​၊​ အိမ် စတဲ့​ အ​ဆောင် အ​ယောင်​တွေ ရှိပြီး​ အစိုး​ရအဖွဲ့​ အစည်း​အ​ဝေး​ တက်ခွင့်​ရ​ပေမယ့်​ တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေက မရကြပါဘူး​။ ဒါကို တိုင်း​ရင်း​သား​ဝန်ကြီး​တွေက မ​ကျေနပ်လို့​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ ပါတီ ဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က ဦး​ဆောင်ပြီး​ ခုံရုံး​ကို တင်ပြ ​လျှောက်ထား​ရာမှာ သူတို့​တင်ပြချက်ကို ဒီဇင်ဘာမှာ အနိုင်​ပေး​ခဲ့​ပါတယ်။ ဒါကို သမ္မတကိုယ်စား​ ​ရှေ့​နေချုပ်ရုံး​က ခုံရုံး​မှာ ပြန်လည်သုံး​သပ်ဖို့​ ဇန်နဝါရီလဆန်း​မှာ တင်ပြခဲ့​တာပါ။ ဒီဆုံး​ဖြတ်ချက်ကို အင်း​တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​က ကြိုဆိုလိုက်​ပေမယ့်​ သူတို့​အ​နေနဲ့​ အစိုး​ရဝန်ကြီး​အဖွဲ့​ဝင် တဦး​ ရရှိတဲ့​ အ​ဆောင်​ယောင်ရရှိမှုထက် လုပ်ပိုင်ခွင့်​၊​ ဆုံး​ဖြတ်ပိုင်ခွင့်​ ရရှိမှုကို ပိုလိုချင်တယ်လို့​ ​ပြောပါတယ်။ ဒီ​နေ့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေခုံရုံး​ရဲ့​ ဆုံး​ဖြတ်ချက်အ​ပေါ် ဒီအဆိုကို ဦး​ဆောင် တင်သွင်း​တဲ့​ ​ဒေါက်တာ​အေး​မောင်က ကြိုဆိုလိုက်ပါတယ်။ “တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်မှုအတွက် ​ကောင်း​ပါတယ်။ အခုလို ငြိမ်း​ချမ်း​ရေး​ ယူတဲ့​ ကာလ​လေး​မှာ တိုင်း​ရင်း​သား​တွေရဲ့​ ကိုယ်ပိုင်ပြဌာန်း​ခွင့်​၊​ ကိုယ်ပိုင် အုပ်ချုပ်ခွင့်​တို့​ကို ကြိုး​စား​နေကြတဲ့​ ကာလ​လေး​မှာ ဒါဟာ လူထုအတွက် ရလဒ်​ကောင်း​လို့​ သုံး​သပ်ပါတယ်။” ဒီက​နေ့​ ဆုံး​ဖြတ်တဲ့​ ပြည်​ထောင်စုသမ္မတ မြန်မာနိုင်ငံ​တော် ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေဆိုင်ရာခုံရုံး​ရဲ့​ အပြီး​သတ်ဆုံး​ဖြတ်ချက်ကို ကိုင်စွဲပြီး​ တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေကို အစိုး​ရအဖွဲ့​အတွင်း​ကို သွင်း​ပေး​ဖို့​ အဆိုပြုချက်ဟာလည်း​ မကြာခင် လွှတ်​တော် အစည်း​အ​ဝေး​တွင် ​ဆွေး​နွေး​ကြလိမ့်​မယ်လို့​ သူက ဆိုပါတယ်။ အဖွဲ့​ဝင် ၉ ဦး​ပါ အဲဒီ ခုံရုံး​မှာ သမ္မတ၊​ အမျိုး​သား​လွှတ်​တော် ဥက္ကဋ္ဌနဲ့​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ​တွေက ၃ ဦး​စီ အညီအမျှ ခန့်​အပ်ထား​တာပါ၊​ အမှုအ​ကြောင်း​ချင်း​ရာနဲ့​ စပ်လျဉ်း​ပြီး​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ခုံရုံး​ကို တင်ခွင့်​ရှိတာက သမ္မတ၊​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ၊​ အမျိုး​သား​လွှတ်​တော် ဥက္ကဋ္ဌ၊​ ပြည်​ထောင်စုလွှတ်​တော် နာယကတို့​အပြင် တိုင်း​နဲ့​ပြည်နယ် ၁၄ ခုက ဝန်ကြီး​ချုပ်​တွေက သမ္မတက​နေ တဆင့်​ တင်ခွင့်​ရှိပါတယ်။ ပြည်သူ့​လွှတ်​တော်၊​ အမျိုး​သား​လွှတ်​တော်ရဲ့​ ၁ဝရာခိုင်နှုန်း​ လူဦး​ရေက ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌက​နေ တဆင့်​လည်း​ တင်ခွင့်​ရှိပါတယ်။

More News
Up